NewsPolitic

စကမဟာ ဂွမြို့ကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေ

အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ်ကို စစ်ကော်မရှင်ဟာ နေဗီကနေ ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဒီရက်ပိုင်းထဲမှာ နေဗီကနေ တခါပစ်ရင် အနည်းဆုံး လက်နက်ကြီး ၅ လုံး ကနေပြီးတော့ ၁၅ လုံး အထိကို ပစ်တာ” လို့ ဂွမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်က စစ်ကော်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီး ၈ လုံး ပစ်ခတ်ရာ ဂွမြို့နယ် အောင်ချမ်းသာရွာက ဦးဝင်းအောင် နေအိမ်ကို လက်နက်ကြီးကျလို့ နေအိမ်ပျက်စီးခဲ့ပါတယ်။

“ ၂၂ ရက်နေ့ကဆိုရင် နေဗီ ၃ စီးကနေပြီးတော့ ပစ်တာ၊ အားလုံး ၁၅ ကြိမ်လောက် ရှိတယ်။ မနက်ကျမှ သိရတာက ကျနော်တို့အခေါ် ဂွချောင်းပေါ့။ ချောင်းမကြီးအဝနားကို ကျတာ” လို့ နောက်ထပ် ဂွမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၁ ရက်ကလည်း စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ၁၀ ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့လို့ ဂွမြို့နယ် ကင်းရုံးရပ်ကွက် ဆိပ်ကမ်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်ကလည်း စစ်ကော်ကော်မရှင်ရဲ့ နေဗီကနေ ဂွမြို့နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်က သူလက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းပိုက်နိုင်ရန်အတွက် လေကြောင်း နဲ့ ရေကြောင်းကနေ တိုက်ခိုက်မှုတွေ ပိုမို ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်း၊ ရေကြောင်းကနေ ပိုမိုတိုက်ခိုက်လာလို့ ရက္ခိုင်ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲထားရှိဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

Photo – APM

Related posts

ဧရာဝတီတိုင်းကို AA ထိုးစစ်ဆင်လာနိုင်၍ အမြောက်တပ်စခန်းအခိုင်အမာ တည်ဆောက်နေ

Rakhita Times

‎စစ်တွေက ကုန်စည်တွေ မြို့ပေါ်မရောက်ဘဲ မွတ်ဆလင်ရွာတွေမှာ ပျောက်ဆုံး

Rakhita Times

မြောက်ဦးဆေးရုံဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် ဆက်လက်တိုက်ပွဲဝင်ရန် မင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်း ၄၄ ဖွဲ့ သန္နိဌာန်ပြု

Rakhita Times

1 comment

rent yacht montenegro 641 မေ 5, 2026 at 7:30 ညနေ

Montenegro yacht rental superyacht charter Montenegro

Reply

Leave a Comment