NewsPolitic

အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ လုံခြုံရေးစခန်းကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ လာရောက်ပစ်ခတ်

အာရက္ခတိုင်းမ်စ်(၁၅ ဒီဇင်ဘာ ၂၀၂၅)

အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ နယ်စပ်လုံခြုံရေးတာဝန်စခန်းကို အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များက လာရောက်ပစ်ခတ်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်၊ မနက် ၆နာရီ ၃၀ မိနစ်မှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းကို လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင် အင်အား (၁၀) ဦးခန့်ဟာ ဘင်္ဂလာဖက်ခြမ်းမှ ဖြတ်ကျော်ဝင်ရောက်ပြီး လက်နက်ငယ် အပါအဝင် 40 MM (79) ဖြင့် မိနစ်အနည်းငယ်ကြာ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ AA က ဆိုပါတယ်။

အာရက္ခတပ်တော်က ပြန်လည်တိုက်ခိုက်တဲ့အခါမှာ အဆိုပါအဖွဲ့ဟာ ဘင်္ဂလာဘက်ခြမ်းရှိ BGB နယ်ခြား‌စောင့်စခန်းတခု အနီးကို ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ ချောင်းမြောင်း တိုက်ခိုက်တဲ့လုပ်ရပ်များမှာ အကျင့်ပျက် BGB တပ်မှူးများ မှ မသိကျိုးကျွန်ပြုကာ အကြမ်းဖက်သမားများကို အားပေးအားမြှောက် ပြုနေသကဲ့သို့ ဖြစ်နေတာကြောင့် နယ်စပ် တည်ငြိမ်ရေးကို များစွာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် မိမိတို့ကြားတွင် ရှိနှင့်ပြီးသား နဲ့ တည်ဆောက်နေတဲ့ ယုံကြည်မှုများကို ဆုတ်ယုတ်စေကာ မလိုလားအပ်တဲ့ နောက်ဆက်တွဲများဖြစ်ပေါ်လာမှာကို စိုးရိမ်မိပါတယ်” လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

အခုလိုမျိုး အလစ်အငိုက် တိုက်ခိုက်ခြင်း အပါအဝင် အရပ်သား ပြည်သူလူထုကို ချုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ARSA၊ RSO၊ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ကြိမ်ဖန်များစွာ ပြုလုပ်နေတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

Related posts

စကမရဲ့လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မြောက်ဦးလူငယ်များအစည်းအရုံး ရှုတ်ချ

Rakhita Times

ငပလီကမ်းခြေတွင် ကလေးငယ်တွေအတွက် အခမဲ့ အင်္ဂလိပ်စာသင်တန်းကျောင်း တည်ထောင်ထားသူ မာမီဆူး MBE ဆုချီးမြှင့်ခံရ

Rakhita Times

ရက္ခိုင်ပြည်သူများ အပူဒဏ်ကို သတိပြုရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာန နှိုးဆော်

Rakhita Times

1 comment

auto 663 ဖေ‌ဖော်ဝါရီ 24, 2026 at 8:33 ညနေ

A convenient car catalog http://www.auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.

Reply

Leave a Comment