NewsPolitic

ဗမာ့တပ်တော် တနှစ်ပြည့်အခမ်းအနားကို AA တက်ရောက်ခဲ့

အာရက္ခတိုင်းမ်စ် (၂ ဇန်နဝါရီ ၂၀၂၅)

ဗမာ့တပ်တော် (Bamar Army) ရဲ့ တနှစ်ပြည့်အခမ်းအနားကို အာရက္ခတပ်တော် AA တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို မနေ့က ဇန်နဝါရီ ၁ ရက်နေ့မှာ ကချင်ပြည်နယ်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး AA တက်ရောက်ခဲ့တယ်လို့ သတင်းဓာတ်ပုံတွေမှာ ဖော်ပြထားပါတယ်။

ဗမာ့တပ်တော်ဟာ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ (TGF) ကို၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့တပ်ဖြစ်ပြီး ဗမာလူမျိုးစုကို ကိုယ်စားပြုတဲ့ “ဗမာ့တပ်တော် (သို့) ဗမာလူမျိုးစုတပ်မတော် – Bamar Army အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ် (၂) စစ်ဦးစီးကွပ်ကဲရေးဒေသ နဲ့ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသဆိုပြီး ဖွဲစည်းထားပါတယ်။ ဗမာ့တပ်တော် (BA) ဟာ နိုင်ငံရေး-စစ်ရေး ရည်မှန်းချက်များအတွက် နိုင်ငံရေးမူဝါဒ ငါးရပ်နဲ့ စစ်ရေးမူဝါဒ ခြောက်ရပ်ကို ချမှတ်ထားပြီး ကချင်ပြည်နယ်၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတို့မှာ လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

Related posts

စစ်ကောင်စီရဲ့ နေဗီတစီး မီးလောင်နစ်မြုပ်

Rakhita Times

တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့လို့ ကျေးဇူးတင်တယ်လို့ TNLA ဆို

Rakhita Times

သံတွဲကို ရွေတုအစိုးရ ဗုံးကြဲ၊ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ

Rakhita Times

166 comments

Leave a Comment