NewsPolitic

အမျိုးသားလွှတ်တော် ၁၇ ဦးတွင် ကြံ့ဖွံ့ပါတီအပြင် ရခိုင့်ဦးဆောင်ပါတီ နဲ့ ရခိုင်တိုင်းရင်းသားပါတီလည်းပါဝင်

အာရက္ခတိုင်းမ်စ် (၆ ဇန်နဝါရီ ၂၀၂၆)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ၁၇ ဦးစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ဇန်နဝါရီလ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင်ပြည် (မဲအများဆုံးရရှိသူအနိုင်ယူစနစ်) မှာ ရခိုင့်ဦးဆောင်ပါတီ AFP က တဦး နဲ့ ကြံ့ဖွံ့ပါတီက နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ထိုပြင် ရက္ခိုင်ပြည် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် ၁ မှာ ရခိုင့်ဦးဆောင်ပါတီ AFP က တဦးနဲ့ ကြံ့ဖွံ့ပါတီက နှစ်ဦး ပါဝင်ပြီး မဲဆန္ဒနယ် ၂ မှာတော့ ရခိုင့်ဦးဆောင်ပါတီ AFP က တဦး၊ ရခိုင်တိုင်းရင်းသားများပါတီ RNP ကတဦး နဲ့ ကြံ့ဖွတ်ပါတီက တဦးတို့ ပါဝင်တယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။

ကျန် ၈ ဦးကတော့ ချင်းပြည်နယ် (မဲအများဆုံးရရှိသူအနိုင်ယူစနစ်) မှာ ကြံ့ဖွံ့ပါတီက တဦး နဲ့ ဇိုမီးအမျိုးသားပါတီက တဦး၊ ချင်းပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် ၁ မှာ ကြံ့ဖွံ့ပါတီက လေးဦး နဲ့ ဇိုမီးအမျိုးသားပါတီက နှစ်ဦးတို့ပဲ ဖြစ်ပါတယ်။

Related posts

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ NDEP နဲ့ ဒီမိုလက်ညှိုးအတုများ

Rakhita Times

ကျောက်တော်ကို ရွေးတုအစိုးရ ဂျက်ဖိုက်တာနဲ့ ဗုံး ၇ လုံးထက်မနည်း ကြဲချBreaking News

Rakhita Times

နွမ်းပါးတဲ့ Grade 11 ကျောင်းသားများ အခမဲ့ပညာသင်ယူရန် ဝင်ခွင့်လျှောက်လွှာကို မေလ ၁၇ ရက်ထိ ထပ်မံတိုးမြှင့်‌

Rakhita Times

Leave a Comment