NewsPolitic

ပြည်ပရောက် ညီနောင်ပရဟိတအသင်းများ စုပေါင်းပြီး (HDCO) ကို တတိယအကြိမ်မြောက် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၁ မေလ ၂၀၂၆)

ပြည်ပရောက် ညီနောင်ပရဟိတအသင်းများ စုပေါင်းပြီး လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကို
တတိယအကြိမ်မြောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှုကို လေးဝတီ မျိုးသျှစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးသော အလင်းရောင်ကြယ်ပွင့်များ ပရဟိတအသင်း၊ ARAKAN လူငယ်ပရဟိတအသင်း၊ အိမ်ကြီးရခိုင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်း၊ စည်းလုံးခြင်းနန့် ချီတက်ကတ်မေ ပရဟိတအသင်း၊ အဖြူရောင်သံယောဇဉ် မောင်နှမများ ပရဟိတအသင်း၊ ရက္ခိတဒါန လူငယ်ပရဟိတအသင်း၊ စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်းနဲ့ ARAKAN STAR CHARITY တို့ ပူးပေါင်းပြီး ကျပ် ၅ သိန်းစီနဲ့ စုစုပေါင်း ၄၅ သိန်းကို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လှူဒါန်းမှုနဲ့ ပတ်သက်ပြီး လေးဝတီ မျိုးသျှစ်လူငယ် ပရဟိတအသင်းရဲ့ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ကိုကျော်ဆန်းဝင်းက အာရက္ခတိုင်းမ်စ်ကို ခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ ပြည်ပမှာရှိတဲ့ အသင်းတွေသည် နဂိုတည်းက အာရက္ခပြည်သူတွေနဲ့ ပူးတွဲပြီး အမြဲလုပ်ဆောင်လေ့ ရှိပါတယ်။ HDCO ကျ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးစားပေးလုပ်နေတဲ့ အာရက္ခပြည်သူ့အစိုးရက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ပြည်ပမှာရှိတဲ့ အာရက္ခပြည်သူတွေလည်း အစိုးရနဲ့ တသီးတသားတည်း ပူးတွဲပြီး သွားနိုင်အောင် ကျနော်တို့သည် ပြည်ပမှာရှိတဲ့ ပရဟိအသင်းတွေ အသင်းအဖွဲ့အစည်းတွေ နာမည်ပဲ ကွဲနေပါစေ။ သွားနေတဲ့လမ်းက တူညီတဲ့လမ်းကို သွားနေတာဖြစ်လို့ အဖွဲ့ကွဲရင်လည်း လမ်းစဉ်တူတဲ့အတွက်ကြောင့် တခြားအဖွဲ့တွေနဲ့ပူးတွဲပြီးတော့ လုပ်နေတဲ့ အလုပ်တွေလည်း အများကြီး ရှိပါတယ်။ နဂိုတည်းက အာရက္ခပြည်သူ့အစိုးရနဲ့ ပူးတွဲပြီး လုပ်ဆောင်နေတာတွေတော့ ရှိပါတယ်။အခု ၃ကြိမ်မြောက်ဆိုတာက ပြည်ပမှာရှိတဲ့ ပရဟိတအသင်းတွေ ပြန့်ကြဲပြီး ရှိနေတယ်။ ပြန့်ကြဲပြီး ရှိနေတဲ့အသင်းအဖွဲ့အစည်းတွေကို တပေါင်းတစုတည်းဖြစ်အောင် အချင်းချင်း တိုက်တွန်းနှိုးဆော်တာ ရှိတယ်။ ကျနော်တို့ စုပေါင်းလုပ်ရတဲ့ အသင်းအဖွဲ့အစည်းတွေနဲ့ ခိုင်မာအောင် တည်ဆောက်မယ့်အတွက်ကြောင့် အာရက္ခပြည်သူ့အစိုးရကို လစဉ်လတိုင်း ထောက်ပံ့သွားမယ်ဆိုပြီး ခံယူချက် စိတ်ဓာတ်နဲ့လုပ်ပြီး ၃ ကြိမ်မြောက်ထိကို ရောက်လာတာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ရက္ခိုင်ပြည်အတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ပွဲအခြေအနေများကြောင့် စစ်ဘေး၊ မီးဘေး၊ ရေငတ်ဘေး အပါအဝင် ဘေးဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြည်သူများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ တခြားလိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနိုင်ရန် ခုလို လှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

လားရှိုးကို ပြန်အပ်စေချင်ရင် ကိုးကန့်အတွက် ထိုက်တန်တဲ့ အပေးအယူရှိဖို့လို

Rakhita Times

ပလက်ဝတွင် သုံ့ပန်းမိသားစု ၄၄ ယောက် AA ပြန်လွှတ်ပေး

Rakhita Times

လူတိုင်းသင်ကြားနိုင်တဲ့ အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်သင့်ဟု ဆို

Rakhita Times

221 comments

Leave a Comment