NewsPolitic

AA က စစ်တွေ ဒကစ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆)

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရဲ့ ကာကင်းစခန်း ၂ ခု ကို သိမ်းပိုက်လိုက်တာ သေချာသွားပြီလို့ သိရပါတယ်။

“တော်ကန်နဲ့ ဂန့်ဂေါ်ကျွန်းနားက ကာကင်းနှစ်ခုကို ရတာ။ မြို့ထဲဝင်ပြေးတဲ့သူတွေလည်း ပြေး၊ ဒဏ်ရာရလို့ ကျန်ခဲ့သူတွေတော့ တပ်တော်က ထိန်းသိမ်းထားပြီး ကျန်ရစ်တဲ့ အလောင်းတွေကို မြေမြှုပ်ပေးလိုက်တယ်” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့ဟာ ရက္ခိုင်ပြည်ရဲ့ မြို့တော်လည်းဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပြင် ရဲတပ်ရင်း (၁၂) ရင်း နဲ့ စစ်ကော်မရှင်က ခုခံနေတာလည်း ဖြစ်ပါတယ်။

“လေယာဉ်ကို ရန်ကုန်ကိုမဟုတ်ဘဲ နေပြည်တော်ကို တိုက်ရိုက်မောင်းပို့ပေးဖို့ အကူညီတောင်းထားတဲ့လို့ ကြားနေရတယ်။ လက်မှတ်တွေလည်း ဝယ်လို့မရတော့ဘူး။ သူတို့ (စစ်ကော်မရှင်) အသိုင်းအဝိုင်းက အကြီးပိုင်းတွေ မနေ့ကတည်းက လေယာဉ်နဲ့ စစ်တွေက ထွက်သွားကြပြီ” လို့ စစ်တွေဒေသခံနောက်တယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်တွင် ကျောက်ဖြူနဲ့ စစ်တွေမြို့တွင် စစ်ရေးအရှိန်မြှင့်တင်နေပြီး ရက္ခိုင်ပြင်ပဖြစ်တဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့တွင်လည်း တိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

မောင်တောတွင် ၇၅ ကြိမ်မြောက် သျှီဝရာသ်ရီး ပွဲတော် ကျင်းပ

Rakhita Times

မိုခါမုန်တိုင်းပြီးနောက် နတ်ချောင်းတွင် သောက်သုံးရေ ညစ်ညမ်းလာလို့ ရွာလုံးကျွတ်စုပေါင်းပြီး ရေကန်တူးဖော်

Rakhita Times

AA နဲ့ စကမတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာကို စကမ ဗုံးကြဲ

Rakhita Times

3 comments

Leave a Comment