NewsPolitic

စစ်တွေ စစ်မျက်နှာတွင် AA တပ်ရင်းမှူး ဗိုလ်မှူး တဦး ကျဆုံး

အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၆)

အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်တွေမြို့နယ် စစ်မျက်နှာမှာ မာန်အောင်ဒေသခံ ဖြစ်တဲံ အာရက္ခတပ်တော်က တပ်ရင်းမှူး ဗိုလ်မှူး ထက်မြက်သိန်း တာဝန်ထမ်းဆောင်ရင်း စစ်မြေပြင်မှာ ကျဆုံးခခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်းမှူး ဗိုလ်မှူး ထက်မြက်သိန်းဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ စစ်တွေ – ပုဏ္ဏားကျွန်း အစပ် တနေရာမှာ စစ်ကော်မရှင်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း တပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲနေစဉ်မှာ စစ်ကော်မရှင်ရဲ့ ပစ်ခတ်မှုတခုကြောင့် မထင်မှတ်ဘဲ တိုင်းပြည်အတွက် အသက်ကို စတေးပေးဆပ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ခဲ့တဲ့ ဗိုလ်မှူးထက်မြက်သိန်းရဲ့ စျာပနအခမ်းအနားကိုတော့ စစ်မြေပြင်တနေရာမှာ ပြုလုပ်ကျင်းပခဲ့ပြီး သက်ဆိုင်ရာတပ်မှူး၊ မိသားစု ဆွေမျိုးတွေနဲ့အတူ အာရက္ခတပ်တော်က ရဲဖော်ရဲဖက်များ တက်ရောက် ဂါရဝပြုခဲ့တယ်လို့လည်း သိရပါတယ်။

ဗိုလ်မှူးထက်မြက်သိန်း စျာပနအခမ်းအနားတွင် စစ်ရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းအတိုင်း အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တို့က စစ်ရေးပြချီတက်ပြီး ဂါရဝပြုခြင်းတို့ကို စနစ်တကျ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဗိုလ်မှူးထက်မြက်သိန်း ကျဆုံးချိန်တွင် အသက် ၃၃ နှစ်သာ ရှိသေးပြီး ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို အာရက္ခတပ်တော်က ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Related posts

ကျောက်ဖြူက ရွာ ၃ ရွာကို စကမ ထပ်မံ ဗုံးချ

Rakhita Times

ရက္ခိုင်တိုက်ပွဲရှောင်တွေကို နေရပ်ပြန်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား

Rakhita Times

အာရက္ခတိုင်းပြည်ကာကွယ်ရီး နန့် ရက္ခိုင်လူမျိုးရို့ ၏ အနာဂါတ်

Rakhita Times

Leave a Comment