NewsPolitic

ငပလီကို ကမ်းတက်နိုင်ရန် ရွေးတုအစိုးရ ကြံစည်နေ

အာရက္ခတိုင်းမ်စ် (၅ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ငပလီကမ်းခြေကို ရွေးတုအစိုးရက ရေကြောင်းကနေ ကမ်းခြေပေါ်တက်နိုင်ရန် ကြံစည်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တပ်တော်က ငပလီကို မသိမ်းခင်တုန်းက စစ်တပ်က ၅၅ တို့ ၅၆၆ တို့ကနေ နေဗီဆီကို ဂျိတ်တော်ဖောင်ဆိပ်ကနေ တောက်လျောက် အသွားအလာ လုပ်ခဲ့တာ။ အခုလည်း အဲဒီနေရာတကြောကို တောက်လျောက်ဗုံးကြဲတာက နယ်မြေရှင်းလင်းတာနဲ့ တူနေတယ်။ စစ်တပ်အတွက် ငပလီကို ကမ်းတက်ဖို့ဆိုရင် ဂျိတ်တော် ဖောင်ဆိပ်ကပဲ တက်လို့ ရမှာလေ” လို့ ငပလီမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရဟာ သြဂုတ်လ ၃ ရက်က ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တော်ရပ်ကွက်ကို ဗုံး အလုံးရေ ၆၀ ခန့် ကြဲချတိုက်ခိုက်ခဲ့သလို နေဗီကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

“ဂျိတ်တော်ကို လူတွေ ပြန်မနေအောင် လုပ်တာလည်း ဖြစ်နိုင်တယ်လေ။ လူမရှိရင် သူတို့ အလစ်များ ဝင်လို့ရမလား ကြံစည်နေတာလားပေါ့လေ။ ပြီးတော့ လူနေရပ်ကွက်တွေကို ဗုံးကြဲခဲ့သလို သူတို့ အဘတွေ ပိုင်တဲ့ Apolo KTV ကိုလည်း ကြဲချ ဖျက်ဆီးတယ်။ ငါတို့မရရင် အကုန် ဖျက်ဆီးမယ်ဆိုတဲ ရည်ရွယ်ချက်နဲ့ လုပ်နေသလားပေါ့လေနော်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အလားတူ ဇူလိုင်လ ၂၃ ရက်ကလည်း ရွေးတုအစိုးရဟာ ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တော ၅ ရပ်ကွက် နဲ့ လင်းသာရပ်ကွက်ကို ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ပုလဲရတနာ (ဘက) ကျောင်းနဲ့ AZ Family တည်းခိုခန်း ပျက်စီးခဲ့ပါတယ်။

Related posts

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့

Rakhita Times

ပေါက်တောက ရေလုပ်သား ၂၃ ဦးကို စစ်ကောင်စီဖမ်းဆီး

Rakhita Times

စစ်တွေမှာ နေဗီ ၁၂ စီးခန့် ရောက်နေ

Rakhita Times

Leave a Comment