NewsPolitic

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း

အာရက္ခတိုင်းမ်စ် (၅ ဩဂုတ် ၂၀၂၆)

ရက္ခိုင်ပြည်၊ ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်း က HDCO နဲ့ ပူးပေါင်း လှူဒါန်းခဲ့တယ်လို့ ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ စာရင်းကိုင် ကိုကျော်ဆန်းဝင်း အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဒေသခံတွေဟာ ဝီရဌာနီမြို့နယ်ရဲ့ သွားလာရေး ဝေးလံ ခက်ခဲတဲ့ နေရာမှာ ရှိတာကြောင့် အခုလို လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ ပြည်ပရောက် ညီနောင်ပရဟိတ အသင်းအဖွဲ့ထဲက အသင်းတစ်သင်းဖြစ်တဲ့ ARAKAN လူငယ်ပရဟိတအသင်းကနေပြီးတော့ အာရက္ခပြည်၊ ဝီရဌာနီမြို့နယ်၊ တနေရာကို ဝေးလံတဲ့ နေရာတစ်ခုကို ကျနော်တို့ HDCO ကနေတဆင့် သွားရောက်ပြီးတော့ တကယ့် လိုအပ်နေတဲ့ နေရာကို ဆန် သွားထောက်ပံ့တာ ဖြစ်ပါတယ်။ ဒါကတော့ ၃၃ သိန်းဖိုး ကုန်ကျပြီးတော့ ကျနော်တို့ လှူဒါန်းတဲ့ ဆန်အပါအဝင် အခြား အလှူတွေလည်း ပါပါသေးတယ်။ အဲ့ဒီလိုမျိုး လှူလိုက်တာ ဖြစ်ပါတယ်။ ဒီနေရာက တအားကို ဝေးလံတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲ့ဒါကို HDCO ကနေပြီး ဒီမြို့တွေက သွားတဲ့နေရာတောင်မှ ညအိပ်ပြီး သွားရတယ်။ အခက်ခဲပေါင်း မျိုးစုံကြားထဲကနေပြီးတော့ သွားရတဲ့ အနေအထား နေရာတစ်ခုပါ” လို့ စာရင်းကိုင် ကိုကျော်ဆန်းဝင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ARAKAN လူငယ်ပရဟိတအသင်းဟာ HDCO နဲ့ ပူးပေါင်းပြီး ငွေကျပ် ၃၃ သိန်း တန်ဖိုးရှိ စားနပ်ရိက္ခာအတွက် ဆန်အပါအဝင် တခြားသော လိုအပ်တာတွေကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

Related posts

ရက္ခိုင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး နှစ်ဦးကို စစ်ကောင်စီ ရာထူးတစ်ဆင့်တိုးပေး

Rakhita Times

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ NDEP နဲ့ ဒီမိုလက်ညှိုးအတုများ

Rakhita Times

စစ်ကောင်စီရဲ့ ရုရှားခရီးစဉ်ဟာ လက်နက်သွားဝယ်တာဖြစ်နိုင်

Rakhita Times

1 comment

Leave a Comment