NewsPolitic

စကမရဲ့လက်နက်ကြီးကြောင့် ကျောက်ဖြူဒေသခံ လင်မယားနှစ်ဦး ပွဲချင်းပြီးသေဆုံး

အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလ ၁၄ ရက် ညဖက်က စစ်ကော်မရှင်နေဗီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ဒေသခံပြည်သူ လင်မယား နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ မနေ့ညက ၁၀ နာရီကျော်လောက်မှာ ကျောက်ဖြူ ပင်လယ်ပြင်ကနေပြီးတော့ နေဗီကနေ သဖန်းချောင်းရွာဖက်ကို လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်တာမှာ လင်မယာနှစ်ဦး ပွဲချင်းပြီး ဆုံးသွားတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားသူ လင်မယား နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် သဖန်းချောင်းရွာနေ အသက် ၃၄ နှစ်အရွယ် ဦးကျော်ထွန်းဝင်း နဲ့ ဇနီးဖြစ်သူ  အသက် ၃၀ အရွယ် ဒေါ်ခင်လင်းစိုးတို့ပဲ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ရေတပ်ကနေ ရည်ရွယ်ချက်ရှိရှ်ိ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ကျောက်ဖြူမြိ့်နယ်၊ သဖန်းချောင်းရွာ ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၅,၀၀၀ ခန့်၊ ရမ်းဗြဲမြို့နယ်တွင် ကျောက်ဖြူ စစ်‌ဘေးရှောင်ဦး‌ရေ ၈၀၀၀ ခန့် နဲ့ တောင်ကုတ်မြို့နယ်မှာတော့ ကျောက်ဖြူ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

Related posts

အကြမ်းဖက် ARSA အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဆုတ်ခွာ

Rakhita Times

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times

ကျောက်ဖြူစီမံကိန်းကို AA နဲ့ မဆွေးနွေးရင် လည်ပတ်နိုင်မည်မဟုတ်လို့ AOW ဆို

Rakhita Times

5 comments

Leave a Comment