HealthNewsPolitic

ပလက်ဝတွင် AA က ကလေးငယ်များကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေး

အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၆)

ပလက်ဝခရိုင်အတွင်းရှိ ပလက်ဝနဲ့ ဆမီးမြို့နယ်တွေမှာ မွေးကင်းစ ၂ လသားအရွယ်ကနေ ၅ နှစ်အရွယ်ထိ ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တတိယအကြိမ် ကာကွယ်ဆေး အခမဲ့ ထိုးပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ ကာကွယ်ဆေးကို ဇန်နဝါရီလ ၁၅ ရက်ကနေ ၁၇ ရက်အထိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တတိယအကြိမ် အခမဲ့ ဆေးထိုးပေးနေတာလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးကို မွေးကင်းစ ၂ လသားအရွယ်ကနေ ၃ နှစ်အရွယ်အထိ ပထမအကြိမ် ထိုးပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးကိုတော့ မွေးကင်းစ ၂ လသားအရွယ်ကနေ ၅ နှစ်အရွယ်အထိ ထိုးပေးနေတာလည်း ဖြစ်ပါတယ်။ အလားတူ တတိယအကြိမ်မှာလည်း မွေးကင်းစ ၂ လသားအရွယ်ကနေ ၅ နှစ်အရွယ်အထိ ထိုးပေးနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကာကွယ်ဆေးတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး(DPT)၊ ပိုလီယိုရောဂါကာကွယ်ဆေး (OPV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ အသဲရောင်အသားဝါ၊ ရေကျောက်၊ ဦးနှောက်အမဲပါးရောင်စတဲ့ ရောဂါကာကွယ်ဆေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

Related posts

ချင်းတောင်ပိုင်းတွင် AA အင်အား ၈၀၀ ခန့် တပ်ဖြန့်ထားလို့ ရွေးတုအစိုးရ ခန့်မှန်း

Rakhita Times

စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီကို စုပေါင်းတိုက်ခိုက်ဖို့ TNLA ပြော

Rakhita Times

အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) ဖွဲ့စည်း

Rakhita Times

312 comments

Leave a Comment