NewsPolitic

အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) ဖွဲ့စည်း

အာရက္ခတိုင်းမ်စ် (၁၅ ဇူလိုင် ၂၀၂၅)

နိုင်ငံတကာက ရိုဟင်ဂျာခေါင်းဆောင်တွေ စုစည်းပြီး အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ Arakan Rohingya National Council (ARNC) ကို တရားဝင် ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ARNC က မြန်မာနိုင်ငံတွင်း နေထိုင်တဲ့သူတွေအပါအဝင် ဒုက္ခသည်စခန်းတွေနဲ့ နိုင်ငံတကာက ရိုဟင်ဂျာတွေအားလုံးကို ကိုယ်စားပြုနိုင်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ARNC မှာ ဒုက္ခသည်စခန်းတွေက ခေါင်းဆောင်တွေ အပါအဝင် မြန်မာပြည်တွင်း နဲ့ နိုင်ငံတကာ က ကိုယ်စားလှယ်တွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း ထားပြီး ဗဟိုအလုပ်အမှုဆောင် ၄၀၊ ဗဟိုကော်မတီ ၆၀ ပါဝင်ပါတယ်။

လက်ရှိ ရက္ခိုင်​ပြည်၊ ဘူးသီးတောင်၊ မောင်တော ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA ရဲ့ ရိုဟင်ဂျာ အရပ်သားတွေ အပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုတွေ၊ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာ အများအပြား သတ်ဖြတ်ခံရမှုတွေရှိကြောင်းကို ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာ ၁ သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရပြီး ခန့်မှန်းခြေ ၂၅၀၀ ကျော် သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှု အရေးပေါ်အခြေအနေသာမက အသက်ရှင်ရပ်တည်မှုအတွက် ခြိမ်းခြောက်ခံနေရတာနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ​​ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ပြီး အရေးယူ ဆောင်ရွက် ပေးဖို့ကို ARNC ကြေညာချက်မှာ တောင်းဆို ထားပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည်မှာ ဌာနေတိုင်းရင်းသားဖြစ်မှုနဲ့ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရမှုကို ပြန်လည်ရယူရန်၊ အာရက္ခတပ်တော် AA နဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အနာဂတ် မြန်မာနိုင်ငံ ဖက်ဒရယ် ပုံစံ အတွက် ဆွေးနွေးမှုတွေမှာ ပါဝင်ရန်အပါအဝင် အချက် ၆ ချက်ပါ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Related posts

စမ္မတီးချောင်းအတွင်း ရေဆင်းကူရာ ခမီအမျိုးသား နှစ်ဦး ရေစီးဖြင့်မျောပါသေဆုံး

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၈)

Rakhita Times

ပုသိမ်တွင် AA နဲ့ PDF များ အလင်းဝင်ဆိုပြီး စကမ ဝါဒဖြန့်နေ

Rakhita Times

254 comments

Leave a Comment