NewsPolitic

ဘူးသီးတောင် စကခ (၁၅)ကို စကမ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

‎အာရက္ခတိုင်းမ်စ် (၇ ဖေဖော်ဝါရီ ၂၀၂၆)

‎အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်က အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဖေဖော်ဝါရီလ ၆ ရက် ည ၉ နာရီခန့်တွင် စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

‎စစ်ကော်မရှင်ဟာ စကခ-၁၅ ကို ည ၉ နာရီခန့်တွင် တကြိမ်၊ ၉ နာရီ ၂၃ မိနစ်တွင် တကြိမ်၊ ၉ နာရီ ၂၉ မိနစ်တွင် တကြိမ်၊ စုစုပေါင်း သုံးကြိမ်တိုင်တိုင် လေကြောင်းကနေ ဗုံးကြဲတာလည်း ဖြစ်ပါတယ်။

‎အဆိုပါ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ၂၀၂၄ ခုနှစ် မေလ ၂ ရက်က အာရက္ခတပ်တော်အနေနဲ့ အပြီး သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်ဟာ ဘူးသီးတောင်မြို့ကနေ သုံးမိုင်ခန့်အကွာ ပုဏ္ဏားကျွန်း-ဘူးသီးတောင်ကားလမ်းဘေးမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

အဆိုပါ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၁၅) တိုက်ပွဲတွင် အာရက္ခတပ်တော်က ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ဦးစီးအရာရှိ၊ တပ်ကြပ်များအပါအဝင် မွတ်ဆလင်လက်နက်ကိုင်များနဲ့ စစ်လက်နက်ခဲယမ်း အများအပြားကို ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သူလက်လွတ်လိုက်ရတဲ့ နယ်မြေတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Related posts

ဘင်္ဂလားကိုယ်စားလှယ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို AA ဆွေးနွေးဖို့လို

Rakhita Times

မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရန် မောင်တောမူဆလင်ပြည်သူများ သိန်း ၅၀၀ လှူဒါန်း

Rakhita Times

တောင်ကုတ်က KTVကို DLEPS စစ်ဆေးရာ တရားမဝင်အရက် ဖမ်းဆီးရမိ

Rakhita Times

Leave a Comment