ArticelsLife StylePolitic

“အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံကျနေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေဟာ အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်”

အီရန်နဲ့ စစ်ခင်းမယ့်အကြံဟာ အမေရိကန်အတွက် ခြေလှမ်းအမှားလား

ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန် ရေတပ်အင်အား တိုးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဝါရှင်တန်ဟာ အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲတခု ဆင်နွှဲတော့မလားဆိုပြီး ခန့်မှန်းချက်တွေ ထွက်လာပါတယ်။ ဒီတခါတော့ အီရန်နဲ့ပေါ့။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေကို အပြီးတိုင်ရပ်ဖို့၊ ဒုံးကျည်အစီအစဉ်တွေကို ထိန်းချုပ်ဖို့နဲ့ ဒေသတွင်း လက်ဝေခံအဖွဲ့တွေကို ထောက်ပံ့နေတာတွေ ရပ်တန့်ဖို့ဆိုတဲ့ သူ့ရဲ့တောင်းဆိုချက်တွေကို မလိုက်နာရင် ပြင်းထန်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်ပါတယ်။

အခြေအနေတွေ ပိုတင်းမာလာစေမယ့် စကားလုံးတွေ သုံးနေပေမဲ့လည်း အခုဖြစ်ပျက်နေတာတွေဟာ စစ်ပွဲအတွက် တကယ်ပြင်ဆင်တာထက်စာရင် အခြေအနေကို အဆုံးထိတွန်းပို့ပြီး အကျပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ ပိုတူနေပါတယ်။

ဒါတွေကို နားလည်ဖို့အတွက် ဆိုရင် ထရမ့်ရဲ့ နိုင်ငံရေးသမိုင်းကို ကြည့်တာက ပထမခြေလှမ်း ဖြစ်မှာပါ။ ၂၀၁၆ မှာရော ၂၀၂၄ မှာပါ ထရမ့်ကို လူကြိုက်များခဲ့တာဟာ အမေရိကန်ရဲ့ “ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေ” ကို နိဂုံးချုပ်ပေးမယ်၊ ငွေကုန်ကြေးကျများတဲ့ ပြည်ပစွက်ဖက်မှုတွေကို ရှောင်ရှားမယ်ဆိုတဲ့ ကတိကဝတ်တွေကြောင့်ပါ။

အီရန်နဲ့ စစ်ဖြစ်တာဟာ အဲဒီလိုစစ်ပွဲမျိုးရဲ့ ပြယုဂ်ပါပဲ။ ဒီနှစ်နိုင်ငံသာ အစွမ်းကုန် စစ်ခင်းကြမယ်ဆိုရင် စစ်ပွဲကာလဟာ တာရှည်မှာ သေချာသလို ဒေသတွင်းက တခြားနိုင်ငံတွေကိုပါ ဆွဲသွင်းသလို ဖြစ်သွားပါလိမ့်မယ်။ အပြတ်အသတ် အနိုင်ရဖို့ဆိုတာလည်း ခက်ခဲပါလိမ့်မယ်။

ပြည်ပစစ်ပွဲတွေကို ရှောင်ရှားပြီး ပြည်တွင်းရေးကိုပဲ အာရုံစိုက်မယ်ဆိုတဲ့ ထရမ့်ရဲ့ နိုင်ငံရေးမူဝါဒနဲ့ ကြည့်ရင် အီရန်နဲ့ စစ်ဖြစ်တာဟာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပြဒါးတလမ်း သံတလမ်းပါ။

နာတာရှည်မယ်၊ ကုန်ကျစရိတ် များမယ်

တဖက်မှာလည်း အီရန်ဟာ ဒီလိုအခြေအနေမျိုး ရင်ဆိုင်ရရင် ဘယ်လိုလုပ်မလဲဆိုတာ ဆယ်စုနှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားတာပါ။ ၁၉၇၉ တော်လှန်ရေးနောက်ပိုင်း တီဟီရန်ရဲ့ စစ်ရေးမူဝါဒနဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ ပြည်ပက တိုက်ခိုက်လာရင် ဘယ်လိုရှင်သန်မလဲ ဆိုတာအပေါ်မှာပဲ အခြေခံထားတာ ဖြစ်ပါတယ်။

အမေရိကန်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်တဲ့ ပုံမှန်စစ်တပ်မျိုး တည်ဆောက်မယ့်အစား အီရန်ဟာ ပြောက်ကျားဆန်ဆန် ခွဲဖြန့်တိုက်ပွဲဝင်တဲ့ အချိုးပြောင်းစစ်ဆင်ရေး (Asymmetric capabilities) မှာပဲ အဓိက ပြင်ဆင်နေခဲ့တာပါ။ ဒီစစ်ရေးပုံစံထဲမှာ ပဲ့ထိန်းဒုံးကျည်၊ ခရုစ်ဒုံးကျည်၊ လေကြောင်းရန် ကာကွယ်ရေး၊ ရေမြှုပ်မိုင်း၊ အမြန်တိုက်ခိုက်ရေး ရေယာဉ်၊ ဒရုန်း စတာတွေနဲ့ တန်ပြန်တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။ ဆိုက်ဘာစစ်ဆင်ရေးတွေ ပါသလို ဒေသတွင်းမှာ လက်ဝေခံအဖွဲ့တွေ ထူထောင်ပေးထားတာတွေလည်း ပါဝင်ပါတယ်။ ဒီတော့ အီရန်ကို တိုက်ခိုက်တဲ့ ဘယ်သူမဆို ကာလရှည်ပြီး တိုးမြင့်လာမယ့် ကုန်ကျစရိတ်တွေကို ရင်ဆိုင်ရမှာပါ။

ဒါကြောင့် လက်ရှိ အီရန်အရေးကို ၂၀၀၃ ခုနှစ်က အီရတ်စစ်ပွဲနဲ့ သွားနှိုင်းယှဉ်တာဟာ မှားယွင်းပါတယ်။ အီရန်ဟာ ပိုကြီးတယ်၊ လူဦးရေ ပိုများတယ်၊ ပိုပြီး စည်းလုံးညီညွတ်သလို ရေရှည်ရင်ဆိုင်ဖို့အတွက်လည်း စစ်ရေးအရ ပိုပြီး အဆင်သင့်ရှိနေတာပါ။

အီရန်ပိုင်နက်ကို တိုက်ခိုက်တာဟာ အစိုးရပြိုလဲမယ့် အစပျိုးချက်မျိုး မဟုတ်ဘဲ အီရန်က ကြိုတင်တွက်ဆထားတဲ့ သူတို့ရဲ့ ခုခံရေးဗျူဟာထဲကို တိုးဝင်သွားတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တီဟီရန်ဟာ အထိနာတာကို ခံနိုင်ရည်ရှိအောင် ပြင်ထားသလို အီရတ်၊ ပင်လယ်ကွေ့၊ ယီမင်နဲ့ တခြားနေရာတွေအထိပါ တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

အမေရိကန်မှာ တနှစ်စာ ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၉၀၀ ဘီလီယံနီးပါး ရှိနေတာကြောင့် စစ်ပွဲစတင်ဖို့ဆိုတာ ပြဿနာမရှိပေမဲ့ ရေရှည်တိုက်ပွဲဝင်ဖို့ ဆိုတာကတော့ စိန်ခေါ်မှုကြီးပါ။

အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေဟာ သင်ခန်းစာယူစရာတွေပါ။ စစ်ပြန်တွေရဲ့ ရေရှည်ကျန်းမာရေး စောင့်ရှောက်မှု၊ အတိုးနှုန်းတွေနဲ့ ပြန်လည်တည်ဆောက်ရေးစရိတ်တွေ အားလုံးပေါင်းလိုက်ရင် အမေရိကန်ဟာ ဒေါ်လာ ၆ ထရီလီယံ ကနေ ၈ ထရီလီယံကြား ကုန်ကျခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

ဒီစစ်ပွဲတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ ကနဦးခန့်မှန်းထားတဲ့ ကုန်ကျစရိတ်တွေထက် အဆမတန် ကျော်လွန်ခဲ့သလို ပြည်သူ့ကြွေးမြီတွေကိုလည်း တောင်ပုံရာပုံ ဖြစ်စေခဲ့ပါတယ်။ အီရန်နဲ့ စစ်ဖြစ်မယ်ဆိုရင် ဒီထက်မက ပိုပြီး ငွေကုန်ကြေးကျများတဲ့ လမ်းကြောင်းအတိုင်း သွားရမှာ သေချာပါတယ်။

ပြည်ပစစ်ကြောင့် ဆုံးရှုံးရမယ့် အခွင့်အလမ်းများ

အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေကြောင့် လက်လွှတ်ခဲ့ရတဲ့ အခွင့်အလမ်းတွေဟာ ပိုပြီး ကြီးမားခဲ့ပုံ ရှိပါတယ်။ ကမ္ဘာ့အာဏာချိန်ခွင်လျှာ စတင်ပြောင်းလဲနေချိန်မှာ ငွေကြေးနဲ့ နိုင်ငံရေးအရင်းအနှီးတွေ အများကြီး အကုန်အကျခံခဲ့ရလို့ပါ။

အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံစိုက်နေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို တခြားအင်အားကြီးနိုင်ငံတွေက အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။

အဲဒီအခင်းအကျင်းဟာ အခုအချိန်မှာ ပိုလို့တောင် ထင်ရှားလာပါတယ်။ နိုင်ငံတကာ အခင်းအကျင်းဟာ စစ်ရေးအရ ယှဉ်ပြိုင်ရုံတင်မကဘဲ ဉာဏ်ရည်တု (အေအိုင်)၊ အဆင့်မြင့် ကုန်ထုတ်လုပ်မှုနဲ့ ဗျူဟာမြောက် နည်းပညာတွေမှာပါ အပြင်းအထန် အားပြိုင်နေရတဲ့ အဆင့်ကို ရောက်နေပါပြီ။

တရုတ်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်မှာ အရှေ့အလယ်ပိုင်းက စစ်ပွဲထဲ အာရုံရောက်သွားတာဟာ အမေရိကန်အတွက် အရင်းအမြစ်တွေ ကုန်ခမ်းစေမယ့် ဘေးထွက်ဆိုးကျိုး ဖြစ်သွားမှာပါ။

အီရန်ရဲ့ ပထဝီဝင် အနေအထားကလည်း ဒီအန္တရာယ်ကို ပိုကြီးစေပါတယ်။ အီရန်ဟာ ကမ္ဘာ့အဓိက စွမ်းအင်လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဟော်မုဇ်ရေလက်ကြားက သင်္ဘောတင်ပို့မှုတွေကို နှောင့်ယှက်နိုင်စွမ်း ရှိပါတယ်။ တော်ရုံတန်ရုံ နှောင့်ယှက်လိုက်ရုံနဲ့တင် ရေနံဈေးတွေ အဆမတန် တက်သွားပြီး တကမ္ဘာလုံးမှာ ကုန်ဈေးနှုန်းဖောင်းပွမှု ဖြစ်စေပါလိမ့်မယ်။ အမေရိကန်အတွက် ဆိုရင်လည်း စီးပွားရေး တည်ငြိမ်မှု အလိုအပ်ဆုံးအချိန်မှာ ကုန်ဈေးနှုန်းတွေတက်ပြီး စီးပွားရေး ထိခိုက်တာမျိုး ဖြစ်လာမှာပါ။

နိုင်ငံရေးအရ ကြည့်ရင်လည်း စစ်ရေးအရ ဖိအားပေးတာဟာ ပြောင်းပြန်အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ အီရန်ပြည်သူတွေ ကြားထဲမှာ လက်ရှိအစိုးရအပေါ် မကျေနပ်မှုတွေ ရှိနေပေမဲ့ ပြည်ပက ခြိမ်းခြောက်လာရင်တော့ အမျိုးသားရေးစိတ်ဓာတ်နဲ့ စုစည်းနိုင်စွမ်းရှိတယ်ဆိုတာ အီရန်အစိုးရက ခဏခဏ သက်သေပြခဲ့ပြီးသားပါ။ စစ်ရေးအရ အရေးယူတာဟာ အီရန်ပြည်သူတွေကို ပိုပြီး စည်းလုံးသွားစေနိုင်သလို အတိုက်အခံတွေရဲ့ လှုပ်ရှားမှုကိုလည်း အားပျော့သွားစေနိုင်ပါတယ်။

အရင်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အခြေခံအဆောက်အဦတွေကို တိုက်ခိုက်ခဲ့တာတွေဟာ ထိရောက်တဲ့ ရလဒ် ထွက်မလာခဲ့ပါဘူး။ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ နေရာတချို့ ဆုံးရှုံးခဲ့ပေမဲ့ အီရန်ရဲ့ စစ်ရေးအနေအထားနဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကတော့ ဆက်ရှိနေဆဲပါပဲ။

အပြောနဲ့ အလုပ်

ထရမ့်ဟာ သူ့ကိုယ်သူ ငြိမ်းချမ်းရေး ဖော်ဆောင်သူတဦးအဖြစ် အသိအမှတ်ပြုခံချင်တဲ့ ဆန္ဒကို မကြာမကြာ အရိပ်အရောင် ပြတတ်ပါတယ်။ အရှေ့အလယ်ပိုင်းမူဝါဒကို စစ်ပွဲထဲ မပါဝင်ဘဲ ဟန့်တားရုံပဲ ကျင့်သုံးမယ်လို့လည်း ပြောလေ့ရှိသူပါ။ အီရန်နဲ့ စစ်ဖြစ်နိုင်ခြေကို ဒီရှုထောင့်က ကြည့်ရင် အံမဝင်သလို ဖြစ်နေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့လကမှ အမေရိကန်သမ္မတက ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဖွဲ့ထားတဲ့ အနေအထားမျိုးမှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေအကြား အမေရိကန်က ကြားဝင် စီစဉ်ပေးခဲ့တဲ့ အေဗရာဟမ်သဘောတူညီချက်တွေဟာ ဒေသတွင်း တည်ငြိမ်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ အခြေခံထားတာပါ။ အီရန်နဲ့ စစ်ဖြစ်ရင် ဒါတွေအားလုံး ပျက်စီးသွားပါလိမ့်မယ်။ အီရန်နဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ ကာတာနိုင်ငံတို့တောင် အခုအချိန်မှာ ဒေသတွင်း တင်းမာမှုတွေ လျှော့ချဖို့ကိုပဲ ဦးစားပေးနေကြတာ ဖြစ်ပါတယ်။

လောလောလတ်လတ် အီရတ်နဲ့ ဆီးရီးယား အတွေ့အကြုံတွေကိုပဲ ကြည့်ရအောင်ပါ။ ဒီနိုင်ငံတွေမှာ အစိုးရပြိုလဲပြီး အာဏာလေဟာနယ် ဖြစ်သွားချိန်မှာ အကြမ်းဖက်အဖွဲ့တွေက ချက်ချင်း နေရာယူလိုက်တာကြောင့် ငြိမ်းချမ်းရေးအစား မတည်ငြိမ်မှုတွေပဲ ပျံ့နှံ့သွားခဲ့ပါတယ်။

တချို့ကတော့ အီရန်ပြည်တွင်းက မတည်ငြိမ်မှုတွေဟာ ပြင်ပကနေ ဖိအားပေးဖို့ အခွင့်အရေးကောင်းလို့ ယူဆကြပါတယ်။ အီရန်အစိုးရဟာ စီးပွားရေး အခက်အခဲနဲ့ လူမှုရေး မကျေနပ်မှုတွေလိုမျိုး ပြည်တွင်းစိန်ခေါ်မှုတွေ တကယ်ရင်ဆိုင်နေရတာ မှန်ပါရဲ့။ ဒါကိုကြည့်ပြီး အစိုးရပြိုလဲတော့မယ်လို့ ကောက်ချက်ဆွဲလို့တော့ မရပါဘူး။ ဒီအစိုးရဟာ သူ့ရဲ့ အာဏာကို ခိုင်မာတဲ့ လုံခြုံရေးယန္တရားတွေ၊ ထောက်ခံသူတွေနဲ့ ဝန်းရံထားတာပါ။ အထူးသဖြင့်  နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆိုရင် အီရန်ရဲ့ အာဏာက ပိုတောင် ခိုင်မာနေဦးမှာပါ။

အချုပ်ပြောရရင် အမေရိကန်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားမှုတွေနဲ့ အပြောအဆိုတွေဟာ အီရန်ကို ကျူးကျော်ဖို့ထက် ခြိမ်းခြောက်ပြီး အကျပ်ကိုင်နေတာ လို့ပဲ နားလည်ရမယ့်သဘော ဖြစ်နေပါတယ်။

အခုအချိန်ဟာ ၂၀၀၃ ခုနှစ်နဲ့ မတူတော့သလို  အီရန်ကိုလည်း အီရတ်တို့ ဗင်နီဇွဲလားတို့နဲ့ ထပ်တူချလို့ မရပါဘူး။ စစ်ပွဲဟာ မြန်မြန် အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ ကုန်ကျစရိတ်လည်း နည်းမှာ မဟုတ်သလို အပြတ်အသတ် နိုင်ဖို့လည်း မလွယ်ပါဘူး။

အကြီးမားဆုံး အန္တရာယ်ဟာ တကယ်တိုက်မယ့် ဆုံးဖြတ်ချက်ထက် တွက်ချက်မှုအမှားပဲ ဖြစ်ဖို့များပါတယ်။ လှိမ့်လုံးဖိန့်လုံးတွေ အရှိန်တက်လာတာ၊ နှစ်ဘက်တပ်တွေ ပိုနီးကပ်လာတာတွေဟာ မရည်ရွယ်ဘဲ စစ်ဖြစ်သွားနိုင်တဲ့ အန္တရာယ် ပိုများလာစေပါတယ်။

ဒီရလဒ်ကို ရှောင်လွှဲဖို့ဆိုရင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့၊ သံတမန်ရေးအရ ဖြေရှင်းဖို့ လိုပါတယ်။ ဘယ်လောက်ပဲ အာဘောင်အာရင်းသန်သန်နဲ့ ခြိမ်းခြောက်နေပါစေ တကယ်တိုက်ရချိန်မှာ တချို့စစ်ပွဲတွေဟာ တန်ဖိုးကြီးလွန်းတယ် ဆိုတာကိုလည်း သိနားလည်ထားဖို့ လိုပါလိမ့်မယ်။

ရာဗီချန်ဒရာကူးမား

ရည်ညွှန်း – Why it would be a big mistake for the US to go to war with Iran by Bamo Nouri, THE CONVERSATION

မူရင်းသရုပ်ဖော်ပုံ – Fox News

Related posts

အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်း မဖန်တီးနိုင်သရွေ့ စစ်ဘောင်ကျယ်နေမယ်လို့ ပြော

Rakhita Times

ဆရာ ဝေဟင်အောင်နဲ့အဖွဲ့က မြောက်ဦးဆေးရုံဖြစ်စဉ်အတွက် ကျပ်သိန်း ၄၁၀၀ လှူဒါန်းပေးခဲ့

Rakhita Times

ညာဘက် လက်နှစ်ချောင်းနဲ့ ထိုးခဲ့ရတဲ့ ပုဒ်မ ၁၇/၁။ ၁၇/၂ ဖြစ်လာမဲ့ ငါ့ရဲ့ သမိုင်းဝင် လက်မှတ်

Rakhita Times

17 comments

82bet မတ် 8, 2026 at 4:49 မနက်

82bet keeps things simple, which is what I like. Give it a try here 82bet

Reply
ph363login မတ် 8, 2026 at 4:50 မနက်

Alright, so I stumbled upon ph363login – seems legit. Navigating it wasn’t too bad, pretty straightforward. Hope it keeps things smooth. Check it out here: ph363login

Reply
kinh88vina မတ် 8, 2026 at 4:50 မနက်

Hey guys, I was checking out kinh88vina. The site looks like it’s got some potential. I especially liked their bonuses. Check it out for yourself: kinh88vina

Reply
Casino_hbkt မတ် 13, 2026 at 10:31 ညနေ

Вы можете выбрать игры различных жанров и форматов.
Пинко Казино
Современные технологии обеспечивают стабильность и комфорт.

Reply
i-tec 5 မတ် 17, 2026 at 4:34 ညနေ

Need a multimedia system? equipment for meeting rooms We integrate multimedia systems for home and business. We install and configure audio and video systems, manage content, and integrate equipment into a single system. Modern solutions for comfortable and efficient use of technology.

Reply
GeraldKem မတ် 17, 2026 at 10:04 ညနေ Reply
dizayn doma 387 မတ် 20, 2026 at 9:01 မနက်

дизайнер интерьера загородного дома дизайнер частных домов

Reply
Victorcleve မတ် 20, 2026 at 9:07 မနက်

Обновления по теме: https://pbase.com/dezavtor1

Reply
studiya interera 27 မတ် 22, 2026 at 10:06 ညနေ

дизайнер квартиры санкт петербург дизайн интерьера студий

Reply
Davidces မတ် 26, 2026 at 9:41 မနက် Reply
Robertplome မတ် 26, 2026 at 9:42 မနက် Reply
Timothyadvex မတ် 26, 2026 at 11:16 ညနေ Reply
ArlenTaure မတ် 26, 2026 at 11:34 ညနေ Reply
WilliamTug မတ် 26, 2026 at 11:35 ညနေ Reply
Robertnot မတ် 26, 2026 at 11:38 ညနေ Reply
Michaelhef မတ် 28, 2026 at 6:35 ညနေ Reply
Jamesdof မတ် 28, 2026 at 6:36 ညနေ

Читать расширенную версию: циклевка паркета в спб

Reply

Leave a Comment