NewsPolitic

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကိုင်းတိုင်းတွင် အာရက္ခတပ်တော် ရောက်ရှိနေပြီး ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်ရဲ့ ကိုးတောင်ဘို့စခန်းသိမ်းအပြီးတွင် စစ်ကော်မရှင်ခေါင်ဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းတပ်နယ်ကို ကိုယ်တိုင်သွားရောက် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းတွေ ဖြစ်တဲ့ ကိုးတောင်ဘို့စခန်း အပါအဝင် စခန်း ၄ ခုကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်အပြီးမှာ အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တဲ့ စခန်းတွေဟာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးများ စခန်းဖြစ်တဲ့ ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင် နဲ့ အင်တိုင် စတဲ့ စခန်း ၄ ခု ပဲ ဖြစ်ပါတယ်။

စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်မလာခင်တွင် ဟုမ္မလင်းတပ်နယ်ကို အင်းအားနဲ့ ခဲယမ်းများစွာ ပို့ဆောင်ခဲ့ပြီး ပြန်လည် ထိုးစစ်ဆင်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဟာ “နိုင်ငံရေး အကြောင်းပြပြီး ကိုယ်ကျိုးအတွက် သယံဇာတများကို တရားမဝင် ထုတ်ယူမှု အမြောက်အများရှိပြီး လက်နက်အားကိုးနဲ့ ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံကာ ကိုယ်ကျိုးသုံးနေကြတယ်” လို့ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ဟုမ္မလင်းတပ်နယ်တွင် သူ့လက်အောက်ငယ်သားတွေကို ပြောကြာခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) နဲ့အတူ NUG လက်အောက်ခံတပ်ဖြစ်တဲ့ ကန့်ဘလူ၊ ကောလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ကန့်ဘလူခရိုင် (ပကဖ)၊ ကန့်ဘလူ၊ ခင်ဦး၊ ကျွန်းလှ၊ တန့်ဆည် စတဲ့ မြို့နယ် ပကဖများအပြင် ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ကိုင်းတိုင်းက စစ်ကော်မရှင်ရဲ့ စခန်းတွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

AA သတင်းပေးဆိုကာ လေးမျက်နှာက တောင်သူ ၅ ဦးကို ရွေးတုအစိုးရ ဖမ်းဆီး

Rakhita Times

တရုတ်က ဗဟိုအစိုးရနဲ့ လက်နက်ကိုင်တွေ သူ့အကျိုးစီးပွားကို မဆန့်ကျင်ဖို့ လုပ်နေ

Rakhita Times

စစ်ကောင်စီရဲ့ နေဗီကနေ ငပလီကို လက်နက်ကြီးနဲ့ပစ်ခတ်

Rakhita Times

1 comment

pageofjobs.com ဩဂုတ် 10, 2026 at 3:44 ညနေ

References:

Roulette board pageofjobs.com

Reply

Leave a Comment