NewsPolitic

မောင်တောတွင် ၂ နှစ်ကျော် ကာလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများက ဒေသခံ ၁၆၂ ဦး သတ်ဖြတ်၊ ၂၂ ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောခရိုင်တွင် ၂ နှစ်ကျော် ကာလအတွင် အကြမ်းဖက်အဖွဲ့အစည်းများရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၁၆၂ သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ HDCO က မတ်လ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန (HDCO) က ထုတ်ပြန်တဲ့ အကြမ်းဖက် အဖွဲ့အစည်းများမှာ ARSA၊ RSO၊ ARA နဲ့ RIM တို့ပဲ ဖြစ်ပါတယ်။

အဆိုပါ အကြမ်ဖက် အဖွဲ့အစည်းရဲ့ ဖမ်းဆီးခံရမှုကနေ လွတ်မြောက်လာသူ ၁၅ ဦးရှိခဲ့ပြီး အခုအချိန်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူ ၃၀ ဦး ရှိတယ်လို့လည်း HDCO က ဆိုပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းများရဲ့ သတ်ဖြတ်မှု ခံခဲ့ရတဲ့ ရာခိုင်နှုန်းအားဖြင့် မူစလင် ၁၅ ရာခိုင်နှုန်း၊ ဟိန္ဒူ ၁၅ ရာခိုင်နှုန်း၊ ခမီ ၆ ရာခိုင်နှုန်း၊ မြို ၂ ရာခိုင်နှုန်းနဲ့ ဒိုင်းနက် ၂ ရာခိုင်နှုန်းတို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

အဆိုပါ အဖွဲ့တွေရဲ့ အဓိကထား သတ်ဖြတ်ခံခဲ့ရတာကတော့ ရက္ခိုင်လူမျိုးဟာ ထိခိုက်မှုအများဆုံးနဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Related posts

မူးယစ်ဆေးဝါးအမှုက နိုင်ငံရေးသိက္ခာချတာလို့ AA တုန့်ပြန်

Rakhita Times

ရက္ခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးကို စစ်ကောင်စီ ပြန်လွှတ်၊ ပြန်ဖမ်း ထောင်ပြန်ချ

Rakhita Times

မြေပုံမှာ မွတ်ဆလင်ကလေးငယ်တဦး ရေနစ်သေဆုံး

Rakhita Times

Leave a Comment