NewsPolitic

မတ်လ ၂ ရက် လွတ်ငြိမ်းတွင် ရက္ခိုင်တွင် နိုင်ကျဉ်း နှစ်ဦးသာပါ

အာရက္ခတိုင်းမ်စ် (၆ မတ်လ ၂၀၂၆)

မတ်လ ၂ရက်နေ့မှာ ပေးခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ ရက္ခိုင်ရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားနှစ်ဦးသာ ပါဝင်တယ်လို့ PPNM က ထုတ်ပြန်ခဲ့ပါတယ်။

အကျဉ်းထောင် (၃၉) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၄၄၀၃) ဦး လွတ်မြောက်ခဲ့ပြီး သူတို့အနက် ရက္ခိုင်ပြည်၊ ကျောက်ဖြူအကျဉ်းထောင်မှ ကျား ၁ ဦး နဲ့ စစ်တွေအကျဉ်းထောင်မှ ကျား ၁ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုပါတယ်။

“ ကျနော်တို့ PPNM က ရက္ခိုင်ဘက်က အကျဉ်းထောင်တွေနဲ့တော့ အဆက်သွယ် ပြတ်နေတယ်ပေါ့နော်။ ဒါပေမယ့် အခုလက်ရှိ ရရှိထားသမျှ အတည်ပြုထား အတည်ပြုနိုင်တဲ့ အရေအတွက်ကိုပဲ ကျနော်တို့ စာရင်းထည့်ထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ အရေအတွက်တွေကတော့ စိစစ်ရဦးမှာ ဖြစ်ပါတယ်ရှင့်” လို့ PPNM က တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စာရင်းဟာ ဒီကနေ့ မတ်လ ၄ ရက်၊ ည ၈နာရီ အထိ စုံစမ်းအတည်ပြုထားတဲ့ စာရင်းဖြစ်တယ်လို့လည်း PPNM က ထုတ်ပြန်ထားပါတယ်။

တပေါင်းလပြည့်နေ့နဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ (ည) နဲ့ ပုဒ်မ ၅၂ (က) အရ ပြစ်မှုကျူးလွန်ပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

ဖြူဖြူကျော်သိန်း ရက္ခိုင်ပြည်သူတွေအတွက် သိန်းတထောင် နဲ့ တသိန်း လှူဒါန်း

Rakhita Times

ရက္ခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ စာရင်းထုတ်ပြန်

Rakhita Times

ကြံတစ်တန်ကို ငွေကျပ် ၂ သိန်းအထိ စံချိန်တင် ဈေးတိုးမြှင့်လာ

Rakhita Times

4 comments

pkr98gamedownload မတ် 13, 2026 at 8:59 မနက်

Looking for pkr98gamedownload. Is the download safe? Seen some shady stuff online, wanna make sure it’s clean before i download. Lemme know folks! pkr98gamedownload

Reply
89fgame မတ် 13, 2026 at 9:00 မနက်

Hey, been playing on 89fgame lately and it’s actually pretty solid. Good selection of games and the site runs smooth. Definitely worth checking out. 89fgame

Reply
bjbajilogin မတ် 13, 2026 at 9:00 မနက်

Logging in to bjbajilogin was super easy which is always a plus. The site honestly surprised me. Give it a try, you might find something you like. bjbajilogin

Reply
hghjfjdoss_sekr ဧပြီ 17, 2026 at 10:25 မနက်

Discover the amazing features of hghjfjdossa and elevate your experience today.
Exploring hghjfjdossa reveals a captivating and intricate theme.

Reply

Leave a Comment