NewsPolitic

ကပစ ၁၆ ကို စစ်ကူပို့တဲ့ စစ်သား အများအပြား ထွက်ပြေး၊ AA ဆီ လက်နက်ချ အလင်းဝင်

အာရက္ခတိုင်းမ်စ် (၇ မတ် ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံကို စစ်ကူပို့တဲ့ စစ်သား အများအပြား ထွက်ပြေးနေကြပြီး အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်နေကြတယ်လို့ သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာ ကပစ ၉ နဲ့ ညောင်ခြေထောက်က တပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်ဖို့ ပို့ဆောင်စဉ် ထွက်ပြေးကြတာလည်း ဖြစ်ပါတယ်။

“ကျောက်ဖူးမှာရှိတဲ့ ကပစ ၉ က စစ်သားတွေကို အင်အားဖြည့်ပြီးတော့ လွှတ်ပြီးတော့ ခံစစ်ပြင်တယ်။ ပြီးရင် ညောင်ခြေထောက်ဘက်က ထုတ်လုပ်ရေးစစ်သည်တွေကိုပဲပေါ့နော်။ ကပစ ၁၆ ကို ပို့တုန်း လမ်းမှာပဲ ထွက်ပြေးတယ်။ လွတ်မြောက်သွားတယ်လို့ပဲ သိရတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုထားပါတယ်။

အလားတူ ပန်းတောင်းမြို့နယ် မသုန်ရွာအနီးရှိ ကပစ ၁၆ တိုက်ပွဲနဲ့ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲကလည်း စစ်သား အများအပြား ထွက်ပြေးနေကြတယ်လို့လည်း သိရပါတယ်။

“မိထားတဲ့ စစ်သားအများစုက ပစ (ပြည်သူ့စစ်) တွေ။ ထွက်ပြေးလာကြပြီး လက်နက်ချ အလင်းဝင်ကြတာ။ လက်နက်တွေလည်း ပါလာကြတယ်။ လောလောတယ်တော့ သတင်းမထုတ်ပြန်သေးပါဘူး” လို့ ပဲခူတိုင်းတွင် တိုက်ပွဲဖော်ဆောင်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ကပစ ၁၆ ကို အနီးကပ် တိုက်ခိုက်နေပြီး စစ်ကော်မရှင်ကလည်း အင်အားဖြည့်တင်းပြီး ခုခံ​​နေတာလည်း ဖြစ်ပါတယ်။

Related posts

နမ့်ဆန်ကို စကမ ဗုံး ၁၁ လုံးကြဲချပြီး ၁ ဦးသေ ၅ ဦးဒဏ်ရာရ

Rakhita Times

စစ်တွေမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ သူခိုးတွေ သောင်းကျန်းနေ

Rakhita Times

BPLA သင်တန်းဆင်ပွဲ AA တပ်မှူး တက်ရောက်

Rakhita Times

226 comments

Leave a Comment