NewsPolitic

စကမ အရာရှိတွေက AA ဆီ စစ်ရှုံးတာ အောက်လမ်းပညာသုံးလို့ဆိုပြီး လက်အောက်ငယ်သားတွေကိုပြော

အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၆)

စစ်ကော်မရှင်ရဲ့ အရာရှိတွေဟာ အာရက္ခတပ်တော်ဆီမှာ စစ်ရှုံးတာက AA ဟာ အောက်လမ်းပညာတွေသုံးလို့ဆိုပြီး သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ဗိုလ်ကြီးတွေ ပြောပုံအရတော့ AA က အောက်လမ်းနဲ့ လုပ်တာလို့ ပြောတာပဲ။ စစ်တပ်ဘက်က ဂုဏ်တော်ကိုးပါးတွေ မရွတ်လို့လား ဘာတုန်းတော့ မသိဘူး။ ဟိုဘက်က အောက်လမ်းကောင်းလို့လား အဲလိုမျိုးတော့ ပြောသံကြားတယ်” လို့ စစ်ကော်မရှင်တပ်က ထွက်ပြေးလွတ်မြောက်လာသူ ကိုသဲဇော်အောင်က RFA နဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

အဆိုပါ ကိုသဲဇော်အောင်ဟာ မန္တလေးမြို့တွင် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအပတ်စဥ် (၉) သင်တန်းတက်ခဲ့ရကာ မကွေးတိုင်း ငဖဲမြို့နယ်က အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပေးခဲ့ရသူလည်း ဖြစ်ပါတယ်။

“ ဗိုလ်ကြီးတွေကအစ အကုန် လုပ်ကြတယ်။ ဆေး၊ WY ပေါ့ လုပ်တယ်။ ရဲဘော်တွေလည်း အကုန်လုပ်တာပဲ။ သိလည်း ပြစ်ဒဏ် ဘာမှမပေးဘူး။ ပါးစပ်ကပဲ ပြောတာ၊ ဒီအတိုင်းပဲ ခွင့်လွှတ်ပေးလိုက်တာ၊ ရှေ့တန်းမှာတိုက်တော့လည်း ဆေးသုံးတဲ့ကောင်ရော မသုံးတဲ့ကောင်ရော သုံးတာကတော့ များတာပေါ့” လို့ ကိုသဲဇော်အောင်က ပြောပါတယ်။

စစ်ကော်မရှင်ဟာ သူတို့ စစ်ရှုံးနေတာကို ကာကွယ်ဖို့အတွက် အာရက္ခတပ်တော်က အောက်လမ်းပညာတွေ သုံးနေတယ်လို့ ပြောသလို့ ပြည်သူ့စစ်မှုထမ်းတွေကိုလည်း စစ်တိုက်ရဲအောင် မူးယစ်ဆေးဝါး အလွယ်တကူ သုံးခွင့် ပေးထားတာလည်း ဖြစ်ပါတယ်။

ကိုသဲဇော်အောင်ဟာ လက်ရှိမှာ စစ်ကော်မရှင်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ချင်းပြည်က တနေရာမှာ ခိုလုံနေထိုင်နေတယ်လို့လည်း သိရပါတယ်။

Related posts

ဘူးသီးတောင်မှာ သုံ့ပန်း ၃၀၀ ကျော် AA လွှတ်ပေး

Rakhita Times

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

Rakhita Times

ကျောက်ဖြူနဲ့ စစ်တွေကို လေကြောင်းခရီးစဥ်တွေ လျှော့ချ

Rakhita Times

Leave a Comment