EnvironmentNewsPolitic

သံတွဲ၊ အမ်း၊ ရမ်းဗြဲနဲ့ စစ်တွေတွင် မိုးသည်းထန်စွာရွာခြင်းနဲ့ မုန်တိုင်းဆန်တဲ့ လေပြင်း ကျရောက်နိုင်

အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲ၊ အမ်း၊ ရမ်းဗြဲနဲ့ စစ်တွေမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းဖြင်းနဲ့ မုန်တိုင်းဆန်တဲ့ လေပြင်းများ ကျရောက်နိုင်တယ်လို့ သိရပါတယ်။

“ စစ်တွေ၊ အမ်း၊ သံတွဲနဲ့ ရမ်းဗြဲကျွန်းအနီးတဝိုက် ပင်လယ်ပြင်တွင် ဖြစ်ထွန်းနေတဲ့ အလွန်အားကောင်းတဲ့ တိမ်တိုက်နီကြီးများ ကုန်းတွင်းပိုင်းကို ဆက်တိုက် ဝင်ရောက်နေလို့ မိုး အလွန်သည်းထန်စွာ ရွာသွန်းခြင်းနဲ့ မုန်တိုင်းဆန်တဲ့ လေပြင်းများ ကျရောက်ခြင်းတို့ ဖြစ်ပေါ်နေနိုင်လို့ အထူးသတိပြုရန် လိုအပ်ပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

ဒီကနေ့ (ဇွန် ၁၅) ညပိုင်းက စတင်ပြီး အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် အားကောင်းနေပြီး လေစီးကြောင်းဟာ ရက္ခိုင်ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းကို အရှိန်အဟုန်နဲ့ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

“ လက်ရှိအချိန်တွင် တောင်ပိုင်းနဲ့ ရက္ခိုင်ကမ်းရိုးတန်းတခွင်တွင် မိုးတိမ်တောင်များ အလွန် အားကောင်းနေလို့ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း ဘေးအန္တရာယ်များကို ဂရုပြုရန်နဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမများ ရေလျှံခြင်း၊ သွားလာရေး ကြန့်ကြာခြင်းများ ရှိနိုင်ပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေး အကြံပြုထားပါတယ်။

ဇွန်လ ၁၇ ရက်မှာတော့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ကပ်လျက် ရက္ခိုင်မြောက်ပိုင်း ကမ်းလွန်တွင် လေစီးကြောင်းဟာ နာရီလက်တံ ပြောင်းပြန်အတိုင်း လက်ဝဲရစ် စတင် လည်ပတ်လာပြီး လေပွေလှိုင်း (UACC) အသွင် စတင် စုစည်းလာတာကို တွေ့ရပါတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ဇွန်လ ၁၈ ရက်ကနေ ၂၀ ရက်အတွင်း ရက္ခိုင်ကမ်းလွန်နဲ့ မြစ်ဝကျွန်းပေါ် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင်ဘက်ကနေ တိုက်ခတ်တဲ့ မုတ်သုံလေပြင်းများ ကျရောက်နိုင်ပြီး လေတိုက်နှုန်ဟာ ပျမ်းမျှ ၃၀ ကနေ ၄၀ mph (တခါတရံ ၄၅ mph – ၇၂.၄ km/h အထိ) ရှိနိုင်ပါတယ်။ လှိုင်းအခြေအနေမှာ ပင်လယ်ပြင်တွင် လှိုင်းကြီးခြင်းကနေ လှိုင်းအလွန် ကြီးခြင်းအထိ ဖြစ်ပေါ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေ ကနေ ၁၃ ပေ ခန့်အထိ ရှိလာနိုင်လို့ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောလိုင်းများ အထူးသတိပြု ဆင်ခြင်ရန် လိုအပ်ပါတယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။

အထက်ပါ လေပွေလှိုင်း ဖြစ်ပေါ်မှုကြောင့် မြန်မာနိုင်ငံတွင် ဇွန်လ ၁၇ ရက်ကနေ ၂၂ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ရေကြီးရေလျှံမှု အန္တရာယ် အဓိက သက်ရောက်မယ့် ဒေသတွေကတော့ ရက္ခိုင်ပြည် အထူးသဖြင့် မြောက်ပိုင်းဒေသများ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နဲ့ ကချင်ပြည်နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

သက်ငယ်မုဒိန်းအမှုတွေကို ပြတ်ပြတ်သားသား အရေးယူပေးရန် ရက္ခိုင်ပြည်သူတွေ တောင်းဆို

Rakhita Times

ပလက်ဝက စစ်သုံ့ပန်း နဲ့ အကျဉ်းသား ၃၀ ဦးကို AA ပြန်လွှတ်ပေး

Rakhita Times

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်းက အမျိုးသမီး ၈၀ အတွက် လစဉ်သုံးပစ္စည်း ထောက်ပံ့

Rakhita Times

Leave a Comment