BusinessNewsPolitic

ရက္ခိုင်ကိုပို့ရန် အာလူးတင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်း

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆)

ရက္ခိုင်ပြည်ကို တင်ပို့ရန် ဘင်္ဂလားဒေ့ရှ်ကနေ အာလူးတင်ဆောင်လာတဲ့ ဘုတ် ၂ စီးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့ထုတ် ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြပါရှိပါတယ်။

မတ်လ ၁၉ ရက် နေ့လည်းပိုင်းတွင် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ နိုအာခါလီခရိုင်၊ ဟတီယာကျွန်းအနီးရှိ မဂ္ဂနာမြစ်ဝတွင် ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ခန့်မှန်းကာလတန်ဖိုး တာကာငွေ ၅၇၀,၀၀၀ ရှိ အာလူးအိတ် ၇၆၀  တင်ဆောင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

“ ဘုတ် ၂ စီးကို ဖမ်းဆီးရမိခဲ့သော်လည်း တရားမဝင် ကုန်ကူးသူ ကုန်ပစ္စည်းပိုင်ရှင်များကို ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေး လွတ်မြောက်တယ်” လို့ BCG တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်အလမ်ဆူဇမ်က ဘင်္ဂလားဒေ့ချ်မီဒီယာများကို ပြောဆိုခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၁,၁၄၀၊ ပဲအိတ် ၅၀၊ အာလူးအိတ်  ၂၀ နဲ့ အချိုရည်များ တင်ဆောင်လာတဲ့ ဘုတ် ၂ စီးနဲ့ ကုန်သည် ၁၉ ဦးကို ဘင်္ဂလားဒေ့ချ်ကမ်းခြေစောင့်တပ်က စိန့်မာတင် (အုန်းကျွန်း) အနီး ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ပါသေးတယ်။

Related posts

ဦးဦးလှစောဟာ လွှတ်တော်ဥက္ကဌကိုတောင် ကြားဖြတ်မပြေပါနဲ့လို့ ပြောရဲတဲ့သူလို့ ဦးထွန်းအောင်ကျော်ပြော

Rakhita Times

အရပ်သားပြည်သူကို လိုက်လံသတ်နေတာဟာ ကောင်းကောင်း ယုတ်မာတယ်လို့ပဲ မြင်တယ်

Rakhita Times

စစ်တွေဒေသခံတွေကို လိမ်ပြီး မဲပေးနည်း သင်တန်းပေး

Rakhita Times

Leave a Comment