BusinessNewsPolitic

ရက္ခိုင်ကိုပို့ရန် အာလူးတင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်း

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆)

ရက္ခိုင်ပြည်ကို တင်ပို့ရန် ဘင်္ဂလားဒေ့ရှ်ကနေ အာလူးတင်ဆောင်လာတဲ့ ဘုတ် ၂ စီးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့ထုတ် ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြပါရှိပါတယ်။

မတ်လ ၁၉ ရက် နေ့လည်းပိုင်းတွင် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ နိုအာခါလီခရိုင်၊ ဟတီယာကျွန်းအနီးရှိ မဂ္ဂနာမြစ်ဝတွင် ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ခန့်မှန်းကာလတန်ဖိုး တာကာငွေ ၅၇၀,၀၀၀ ရှိ အာလူးအိတ် ၇၆၀  တင်ဆောင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

“ဘုတ် ၂ စီးကို ဖမ်းဆီးရမိခဲ့သော်လည်း တရားမဝင် ကုန်ကူးသူ ကုန်ပစ္စည်းပိုင်ရှင်များကို ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေး လွတ်မြောက်တယ်” လို့ BCG တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်အလမ်ဆူဇမ်က ဘင်္ဂလားဒေ့ချ်မီဒီယာများကို ပြောဆိုခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၁,၁၄၀၊ ပဲအိတ် ၅၀၊ အာလူးအိတ်  ၂၀ နဲ့ အချိုရည်များ တင်ဆောင်လာတဲ့ ဘုတ် ၂ စီးနဲ့ ကုန်သည် ၁၉ ဦးကို ဘင်္ဂလားဒေ့ချ်ကမ်းခြေစောင့်တပ်က စိန့်မာတင် (အုန်းကျွန်း) အနီး ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ပါသေးတယ်။

Related posts

သံတွဲ လင်းမူးတောင်ကို ရွေးတုအစိုးရ ဗုံးကြဲ

Rakhita Times

ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ် ကာကွယ်လိုက်တဲ့ ဗန်

Rakhita Times

ကျောက်ဖြူမှာ ပိတ်မိနေတဲ့ ခရီးသည်တွေ ထွက်ခွင့်မရ

Rakhita Times

276 comments

Leave a Comment