EducationNewsPolitic

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆)

ဒီကနေ့ မတ်လ ၂၁ ရက်တွင် ကျရောက်တဲ့ (၂၇) နှစ်မြောက် ကမ္ဘာ့ကဗျာနေ့ (World Poetry Day) အခမ်းအနားကို တောင်ကုတ်မြို့တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို တောင်ကုတ်မြို့နယ် စာပေအင်အားစုက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် “ ရိုးမလှိုင်း” နံရံကပ်စာစောင် အမှတ်စဥ် (၁) ကို ထုတ်ဝေခဲ့တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ကဗျာနေ့ကို ဂုဏ်ပြုတာ ဖြစ်သလို ရက္ခိုင်ပြည်တွင်း ရက္ခိုင်ဘာသာစကားနဲ့ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ရသစာတမ်း စတဲ့ စာပေအနုပညာ အရေးအသားများ ပိုမိုထွန်းကားလာရန် အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်လို့ တောင်ကုတ်စာပေအင်အားစုမှ ကဗျာဆရာ မောင်နှစ်သိမ့် (တောင်ကုတ်) က ပြောပါတယ်။

အခမ်းအနားကို တက်ရောက်လာကြတဲ့ ကဗျာဆရာများနဲ့ စာရေးဆရာများက နံရံကပ်စာစောင် ဖွင့်လှစ်ခြင်း၊ ကဗျာနဲ့ ရသစာတမ်း ရွတ်ဖတ်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို တောင်ကုတ်ခရိုင် ULA ပါတီ တာဝန်ရှိသူများကလည်း တက်ရောက် ချီးမြှင့်ခဲ့ပြီး တောင်ကုတ်စာပေအင်အားစုမှ ကဗျာဆရာ၊ စာရေးဆရာ အပါအဝင် လူငယ် စာပေဝါသနာရှင်များ လူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကဗျာနေ့ ယူနက်စကို (UNESCO) ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးက ကမ္ဘာ့ကဗျာနေ့ကို ၁၉၉၉ ခုနှစ်တွင် စတင် အတည်ပြု သတ်မှတ်ခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ယနေ့တိုင် ကမ္ဘာတဝန်းတွင် နှစ်စဉ်ကျင်းပလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Related posts

မင်းပြားတွင် အိမ်မီးလောင်လို့ မွေးကင်းစကလေးငယ်တဦး သေဆုံး

Rakhita Times

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့ အထိမ်းအမှတ် မွတ်ဆလင် ၈၀ ကျော် လွတ်ငြိမ်းခွင့်ပေး

Rakhita Times

ရခိုင်တိုင်းရင်းသားများပါတီကို စစ်ကောင်စီက ပါတီတည်ထောင်ခွင့်ပြု

Rakhita Times

Leave a Comment