HealthNewsPolitic

ရက္ခိုင်တွင် ၅ နှစ်အောက်ကလေးတွေ တတိယအကြိမ် ကာကွယ်ဆေးထပ်မံထိုးပေး

အာရက္ခတိုင်းမ်စ် (၂၄ မတ် ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတချို့တွင် ၅ နှစ်အောက် ကလေးငယ်တွေကို တတိယအကြိမ် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထိုးပေးနေတယ်လို့ သိရပါတယ်။

ပထမအကြိမ် ကာကွယ်ဆေးထိုးပေးရာတွင် ၂ လသားအရွယ်ကနေ ၃ နှစ်အရွယ်အထိ၊ ဒုတိယအကြိမ်တွင် ၂ လသားအရွယ်ကနေ ၅ နှစ်သားအရွယ်အထိနဲ့ တတိယအကြိမ်တွင် ၂ လသားအရွယ်ကနေ ၅ နှစ်သားအရွယ်အထိ ထိုးပေးနေတာလည်း ဖြစ်ပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၂ လ နဲ့ ၁ နှစ်ကြား ကလေးငယ်များအတွက် ပိုလီယိုရောဂါကာကွယ်ရန် OPV သောက်ဆေး၊ ဆုံဆို့နာ၊ မေးခိုင်နဲ့ ကြက်ညှာချောင်းဆိုး ရောဂါ (၃) မျိုးကို ကာကွယ်ပေးတဲ့ (DPT) ထိုးဆေး နဲ့ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (JE) များ ထိုးနှံပေးခဲ့တာလို့လည်း သိရပါတယ်။

ဆက်လက်ပြီးတော့ ၁ နှစ် နဲ့ ၃ နှစ်ကြား ကလေးငယ်တွေကို ရေကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရေကျောက်ရောဂါကာကွယ်ဆေး၊ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးငယ်တွေကို အသည်းရောင်အသားဝါ – A ကာကွယ်ဆေးနဲ့ ဦးနှောက်အမြှေးရောင်၊ သွေးဆိပ်သင့်ရောဂါများကို ကာကွယ်ပေးတဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးတွေကိုလည်း ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရက္ခိုင်ပြည် ၊ မောင်တောမြို့နယ်တွင်လည်း ကာကွယ်ဆေးထိုးရန် ကျန်ရှိနေတဲ့ အသက် ၅ နှစ်အောက် ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မတ်လ ၃ ရက်က တတိယအကြိမ်အ‌ဖြစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။

ဓာတ်ပုံ- One Nation News

Related posts

ငပလီကမ်းခြေတွင် ကလေးငယ်တွေအတွက် အခမဲ့ အင်္ဂလိပ်စာသင်တန်းကျောင်း တည်ထောင်ထားသူ မာမီဆူး MBE ဆုချီးမြှင့်ခံရ

Rakhita Times

ညောင်ကျိုးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူး ဝေယံလင်း နဲ့ ရက္ခိုင် သရုပ်ဆောင် နေတိုးကို စကမ ဂုဏ်ထူးဆောင်ဘွဲ့ပေး

Rakhita Times

နတ်ရေကန် မကျစေရန် စကမ အင်အားအများအပြား ဖြည့်တင်းနေ

Rakhita Times

Leave a Comment