NewsPolitic

ရသေ့တောင်ကနေ ကျောက်တော်ကို စျေးဝယ်သွားတဲ့ ဘုတ်တစ်စီးနစ်မြုပ် လူအများအပြား သေဆုံး(Breaking News)

အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ရသေ့တောင်မြို့ကနေ ကျောက်တော်မြို့ကို စျေးသွားဝယ်တဲ့ ခရီးသည်တင် ဘုတ်တစ်စီးဟာ ဒီကနေ့ (ဇွန် ၁၅) မနက်မှာ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဘုတ်ပေါ်မှာ လူဦးရေ ၁၀ ဦးထက်မနည်း ပါလာပြီးတော့ ရသေ့တောင်နဲ့ ကျောက်တော်ကြားမှာ နစ်မြုပ်ခဲ့ရတာ ဖြစ်တယ်လို့ ရသေ့တောင်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကြားမှာ လေတိုက် လှိုင်းထန်ပြီးတော့ နစ်သွားခဲ့တယ်။ လတ်တလော အလောင်းကတော့ ၉ လောင်း ရထားပြီးပြီ။ နောက် ပျောက်နေသေးသူတွေလည်း ရှိနေသေးတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ရှာဖွေတွေ့ရှိထားသူတွေရဲ့ စာရင်းတွေကတော့ ဦးခင်မောင်၊ ပြူးတောင်၊ အမှုံချေ၊ ဘုဘုချေ၊ ရီးရီဆန်းတို့ အလောင်းတွေကို ရှာဖွယ် တွေ့ရှိထားပြီး မောင်အေးလှိုင်၊ သိန်းကျော့ဝယ်၊ ကျားဘို အပါအဝင် နောက်ထပ် ပျောက်ဆုံးနေသူ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

အာရက္ခတိုင်းမ်စ်အနေနဲ့ အသေစိတ် သတင်းအချက်အလက်များကို ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ လုံခြုံရေးစခန်းကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ လာရောက်ပစ်ခတ်

Rakhita Times

ကျေက်ဖြူစစ်ရှောင်စခန်းတခုတွင် လူသတ်မှုဖြစ်ပွား

Rakhita Times

ရက္ခိုင်တွင် လေပြင်းတိုက် ရေကြီးမှုတွေကြောင့် နေအိမ်တွေပျက်စီးပြီး လူသေဆုံးမှု ရှိလာကြောင်း HDCO ထုတ်ပြန်

Rakhita Times

71 comments

Leave a Comment