NewsPolitic

မင်အောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယိကာ မဟာပုရိသ တဦးလို့ စောမြရာဇာလင်းပြော

အာရက္ခတိုင်းမ်စ် (၄ ဧပြီ ၂၀၂၆)

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဗုဒ္ဓဘာသာ သာသနာ့ဒါယိကာ မဟာပုရိသ တဦးဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌ စောမြရာဇာလင်းက ဧပြီလ ၃ ရက်တွင် မင်းအောင်လှိုင် သမ္မတဖြစ်တဲ့အပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။

“ သမ္မတကြီးဟာ (မင်းအောင်လှိုင်) ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ မာရဝိဇယ ဗုဒ္ဓဆင်းထုတော်မြတ်ကြီးကို တည်တော်မူလျက် ကြီးကျယ်လှပသော ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့ ဗုဒ္ဓဘာသာ သာသနာ့ဒါယိကာ မဟာပုရိသ တဦး ဖြစ်တယ်” လို့ စောမြရာဇာလင်းက ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးရဲ့ သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း ကြားသိရတဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါတယ်လို့လည်း စောမြရာဇာလင်းက ဆိုပါတယ်။

နိုင်ငံတော်သမ္မတကြီး (မင်းအောင်လှိုင်) ဟာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အခက်အခဲပေါင်းများစွာတို့ကို မတုန်မလှုပ် ရင်ဆိုင်ကျော်လွှားလွန်မြောက်ပြီး နိုင်ငံရေးအပြောင်းအလဲတခုကို ချောမွေ့ညင်သာစွာ လုပ်ဆောင်နိုင်ခဲ့သည်မှာ ဝမ်းမြောက်စရာ ဖြစ်တယ်လို့လည်း စောမြရာဇာလင်းက ဆိုပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ သမ္မတကြီးဟာ မိမိကိုယ်တိုင် ဖော်ဆောင်လာတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ပိုမိုပြီပြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ထို့အတူ နောင်အနာဂတ်တွင် တတိုင်းပြည်လုံး အေးချမ်းသာယာပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ စိတ်နှလုံးရွှင်ပြုံး ဝမ်းသာရမယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်သူ ဖြစ်ပါစေလို့ ဆုတောင်ဆန္ဒပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သမ္မတကြီး (မင်းအောင်လှိုင်) သက်တော်ရာကျော်ရှည်ပြီး အရာခပ်သိမ်း ပြီးမြောက်အောင်မြင်သူ ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သပြီး ဒီသဝဏ်လွှာကို ပေးပို့အပ်ပါတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ထုတ်ပြန်ပါတယ်။

Related posts

ဒုဗိုလ်မှူးကြီး ကျော်ကျော်သက် ရဲ့ ထွက်ဆိုချက်

Rakhita Times

ဆေးပဒေသာပင်အတွက် သူပုန်ဖြူရောင်းရင်းညီအကိုများက သိန်းတထောင်ကျော်လှူဒါန်း

Rakhita Times

ULA/AA၊ အာရက္ခပြည်သူများနဲ့ ပဉ္စသိင်္ခနတ်စောင်းသံ

Rakhita Times

Leave a Comment