NewsPolitic

သံတွဲကို စကမက ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲသွား(Breaking News)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ဒီကနေ့ နေ့လည် ၂ နာရီ မိနစ် ၄၀ ခန့်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

“ကျတဲ့အသံ ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ သေချာတော့ ဘယ်ကိုကျလဲ မသိသေးဘူး” လို့ သံတွဲမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဝေဟင်အဖွဲ့ကလည်း “သံတွဲနယ် တနေရာသို့ မိတ္ထီလာလေတပ်မှတက်သော ဂျက်ဖိုက်တာ ၁ စီးဖြင့် (2:40) PM ခန့် အချိန်မှစ၍ လေကြောင်းတိုက်ခိုက်မှုများ ၃ကြိမ် ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်” လို့ အတည်ပြုထားပါတယ်။

အသေးစိတ် သတင်းအချက်အလက်များကို အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

ဘူးသီးတောင်မြို့တွင် လူမနေအိမ် ၁ လုံး မီးလောင်

Rakhita Times

စစ်ကောင်စီက တရုတ်အားကိုးနဲ့ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်နိုင်တယ်လို့ TNLA ပြော

Rakhita Times

မောင်တောတွင် ARSA, RSO ထောင်တဲ့မိုင်းနင်းမိလို့ မွတ်ဆလင်တဦး ခြေတဖက်ပြတ် ဒဏ်ရာရ

Rakhita Times

206 comments

Leave a Comment