NewsPolitic

မင်းပြားကို စကမ ဗုံးကြဲလို့ ပြည်သူ တဦး ပွဲချင်းပြီးသေဆုံး၊ တဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်၊ ပုလဲတောင် (ကပ္ပဲ့) ရွာကို ဧပြီလ ၈ ရက်၊ မနက်ပိုင်းက စစ်ကော်မရှင်တပ်ကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ တဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး တဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ မင်းပြားမြို့နယ်၊ ပုလဲတောင် (ကပ္ပဲ့) ရွာနေ အသက် ၃၅ နှစ်အရွယ် ကိုမျိုးချစ် (ခ) အမဲ ဖြစ်ပြီး၊ ဒဏ်ရာရရှိသွားသူကတော့ အသက် ၁၅ နှစ်အရွယ် မောင်သန်းဝင်းမောင် ဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလ ၈ ရက်၊ မနက် ၈ နာရီခန့်တွင် စစ်ကော်မရှင်တပ်က မင်းပြားမြို့နယ် ပုလဲတောင် (ကပ္ပဲ့) ရွာကို ဂျက်တိုက်ဖိုက်တာနဲ့ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာထဲရှိ စာသင်ကျောင်းနဲ့ ဦးမောင်ထွန်းတင်ရဲ့ နေအိမ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရရှိသွားသူကို အရေးပေါ် ဆေးကုသမှု ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုကြောင့် ၂၀၂၆ ခုနှစ် မတ်လအတွင်း ရက္ခိုင်ပြည်သူ ၃၇ ဦး ထိခိုက် သေဆုံးခဲ့ရပါတယ်။

Related posts

စစ်တွေမှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်

Rakhita Times

ရက္ခိုင်မှာ မိုးဆက်ကြီးနိုင်

Rakhita Times

မောင်တောနယ် တမန်းသားရွာက ရွာသား ၅ ဦးပျောက်နေ

Rakhita Times

Leave a Comment