NewsPolitic

ရက္ခိုင်နယ်စပ်တွေကို စကမ က အင်အား ထပ်မံ ဖြည့်တင်းနေ

အာရက္ခတိုင်းမ်စ် (၁၁ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်အစပ်က အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာတွေကို စစ်ကော်မရှင်က စစ်အင်အား ထပ်မံဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“ မကွေး နဲ့ ဧရာဝတီကို စစ်တပ်က စစ်သင်တန်းဆင်းတွေကို တော်တော်ကို ပို့နေတာ၊ အများဆုံး ပို့ခံရတာကတော့ နတ်ရေကန် နဲ့ လေးမျက်နှာမြို့နယ်ကိုပဲ ပဲခူးက ညောင်ကျိုးကိုလည်း ပို့နေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေ စစ်ကော်မရှင်က စစ်သင်တန်းဆင်းတွေကို အင်အားအများအပြား ပို့ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ၈ ရက်နေ့က ပုသိမ်-မုံရွာလမ်းအတိုင်း စစ်ကား ၄ စီး ကျောင်းကုန်းမြို့ကို ဖြတ်သွားတယ်။ အဲလိုပဲ စစ်သင်တန်းဆင်း လူငယ်တွေ တင်ဆောင်လာတဲ့ ကား ၁၀ စီးကျော်လည်း ကျုံပျော်မြို့ကို ဖြတ်ပြီး ဟင်္သာတဖက်ကို သွားတယ်” လို့ သူက ထပ်မံဆိုပါတယ်။

လေးမျက်နှာမြို့နယ်ထဲက စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းယူထားတာကို ပြန်လည် ထိုးစစ်ဆင်ရန် လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“ ဘာလို့ အဲလိုပြောရလဲဆိုတော့ စစ်သင်တန်းဆင်းတွေကို တတက (၅) လို့ခေါ်တဲ့ သင်တန်းကျောင်းကို အရင် အင်အားဖြည့်တယ်။ ပြီးမှ ရှေ့တန်းကို ဆက်ပို့နေတယ်။ ဒါက သူတို့ စစ်ကြောင်း ပြန်ထိုးမယ်လို့ ယူဆရတဲ့ အကြောင်းအရာပဲ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မကွေးတိုင်းက နတ်ရေကန်ဗျူဟာကုန်းနဲ့ ပဲခူးတိုင်းက ညောင်ကျိုးဗျူဟာကုန်းကို စစ်ကူအင်အားတွေ ပို့ဆောင်နေပြီး စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

Related posts

ကျောက်တော်ကို ဗုံးကြဲ ၁ ဦး သေဆုံး၊ အများအပြားဒဏ်ရာရ

Rakhita Times

တမန်းသားရွာက ပျောက်နေတဲ့ ရွာသား၅ ဦး အသတ်ခံလိုက်ရပြီလို့ သတင်းထွက်ပေါ်

Rakhita Times

AA ရှိရာ နေရာများကို စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Rakhita Times

Leave a Comment