NewsPolitic

AA ထိန်းချုပ်ထားတဲ့ ဂုတ်ကြီး ကို စကမ စစ်ကြောင်းထိုး၊ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၉ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်နဲ့ မကွေးနယ်စပ်က အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာလို့ အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်ကစတင်ကာ နတ်ရေကန်ဗျူဟာကုန်းရဲ့ အရေးပါတဲ့ ကာကင်းစခန်းကြီးဖြစ်တဲ့ ဂုတ်ကြီးစခန်းကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်အနေနဲ့ အဆိုပါ ဂုတ်ကြီးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဧပြီလ ၂၅ ရက်ကစတင်ကာ စစ်ကြောင်းထိုးလာနေတာလည်း ဖြစ်ပါတယ်။

“ကားသုံးစီး၊ စစ်အင်အား အပြည့်နဲ့ စစ်ကြောင်းထိုးနေတယ်။ နောက်တန်းကနေပြီးတော့လည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ကူပေးနေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်အတွက် အရေးကြီးတဲ့ ဂုတ်ကြီးစခန်းကို ပြန်လည်ရရှိရန် ဖလမ်းမြို့တိုက်ပွဲက အရာရှိစစ်သည်အချို့ကိုလည်း ဂုတ်ကြီးတိုက်ပွဲတွင် ကြီးကြပ်နိုင်ရန် မြေလပ်ရွာကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်အင်အား ပို့ဆောင်ထားတဲ့ မြေလပ်ရွာဟာ နတ်ရေကန်ဗျူဟာကုန်းကိုသွားတဲ့ ရက္ခိုင်-မကွေး လမ်းသစ်ပေါ်မှာတည်ရှိပြီး ဂုတ်ကြီးစခန်းနဲ့ ၁ မိုင်ခန့်သာ ကွားဝေးတယ်လို့ သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဗျူဟာကုန်းရဲ့ ပင်မစခန်းတခုသာ ကျန်ရှိတော့တာဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

နတ်ရေကုန်ဗျူဟာကုန်းဟာ ပုသိမ် – မုံရွာလမ်းကြောင်းတလျှောက် စစ်ကော်မရှင်တပ်ရဲ့ ကပစ (ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုစခန်း) တွေကို ကာကွယ်ထားတဲ့ နောက်ဆုံးခံတပ် ဖြစ်တာကြောင့် စခန်းမပေးရရေးအတွက် စစ်ကော်မရှင်တပ်က လေကြောင်း ပစ်ကူပေးတာအပြင် တပ်အင်အား ဖြည့်တင်းခြင်းတွေကိုပါ ပြုလုပ်ပြီး အပြင်းအထန် ခုခံနေတာလို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်ဝန်ကြီးချုပ် ကျောက်ဖြူလာပြီး ဒေသခံတွေကို ပညာရေးဦးစားပေးဖို့ ပြော

Rakhita Times

KIA နဲ့ ရွေးတုအစိုးရကြား ဘာမှ ဖြစ်လာစရာမရှိ

Rakhita Times

ခိုင်ခီရွာ စက်လှေကြီးကြပ်ရေးကော်မတီရုံးဖြစ်စဉ် AA ‌ဖြေရှင်းအရေးယူ

Rakhita Times

108 comments

Leave a Comment