NewsPolitic

ဂေါတမီရင်ခွင် တည်ထောင်ခြင်း ၁ နှစ်ပြည့် အမှတ်တရစကား ဒေါ်နှင်းဇာဖြူပြော

အာရက္ခတိုင်းမ်စ် (၂၉ ဧပြီ ၂၀၂၆)

ဂေါတမီရင်ခွင် တည်ထောင်ခြင်း ၁ နှစ်ပြည့် အမှတ်တရစကားကို ဒေါ်နှင်ဇာဖြူက ပြောကြားခဲ့ပါတယ်။

“ ဂေါတမီရင်ခွင် တည်ထောင်ခြင်း တနှစ်ပတ်လည်ပြည့် အချိန်အတွင်းမှာ အဖက်ဖက်က ဝန်းရံပေးခဲ့တဲ့ စေတနာရှင် မိဖပြည်သူတွေ၊ သတင်းမေး အားပေးကူညီခဲ့တဲ့ တာဝန်ရှိလူတွေရဲ့ နှုတ်၏စောင့်မခြင်း၊ ကိုယ်၏စောင့်မခြင်းဖြင့် ကူညီပေးနေဆဲ၊ ပေးခဲ့ကြတဲ့ တဦးတယောက်ချင်းစီနဲ့အတူ သတင်းဌါနတွေ၊ အထူးသဖြင့် နေ့ညမနားတမ်း တာဝန်ထမ်းဆောင်ပေးကြတဲ့ ဂေဟာမှူးအပါအဝင်၊ လက်ထောက်ဂေဟာမှူး၊ ချစ်ခင်ရတဲ့ ညီမလေးနဲ့အတူ ဂေါတမီရင်ခွင် မြေပြင်အဖွဲ့က ညီအစ်မတွေကို ဂေဟာတည်ထောင်ခြင်း တနှစ်ပြည့်အမှတ်တရအဖြစ် ကျေးဇူးတင် ဂါရဝပြုကြောင်း အလေးအနက် ပြောချင်ပါတယ်” လို့ ဒေါ်နှင်းဇာဖြူက ကျေးဇူးတင်စကား ဆိုပါတယ်။

အလားတူ အသက် ဘဝတခုကို ကယ်တင်ခြင်းဟာ ကမ္ဘာကြီးကို ကယ်တင်ခြင်းဖြစ်တယ်လို့ ဂျာမာန်လူမျိုး စက်မှု့လုပ်ငန်းရှင် အော်စကာ ရှင်းဒလာ ပြောခဲ့သလို ခံယူထားရင်း ဆက်လက် ကြိုးစားလုပ်ဆောင်ပါမယ် လိုလည်း ဒေါ်နှင်းဇာဖြူက ဆိုပါတယ်။

ဂေါတမီရင်ခွင်ကို အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဇနီး ဒေါ်နှင်းဇာဖြူက ဖွဲ့စည်းတည်ထောင်ထားပြီး ရက္ခိုပြည်က ရင်ခွင်ပျောက်နေတဲ့ ကလေးတွေအတွက် နွေးထွေးမေတ္တာအပြည့်နဲ့ ရင်ခွင်မပျောက်စေဖို့ ဖွင့်လှစ်ထားတဲ့ “ ဂေဟာ” တခုလည်း ဖြစ်ပါတယ်။

ဂေါ်တမီရင်ခွင်အနေနဲ့ ရက္ခိုပြည်က ရင်ခွင်ပျောက်နေတဲ့ ကလေးတွေအတွက် ဂေဟာတခုလည်း ဖြစ်သလို အိမ်တွင်းအကြမ်းဖက်မှု နဲ့ နှိပ်စက်မှုခံနေရတဲ့ ကလေးငယ်တွေကိုလည်း ကယ်တင်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

Related posts

အာရက္ခ-ဘင်္ဂလာနယ်စပ်ရှိ လုံခြုံရေးစခန်းကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ လာရောက်ပစ်ခတ်

Rakhita Times

ဂွမြို့နယ်တွင် ခိုးခုတ်ထားတဲ့ သစ် မြောက်များစွာတွေ့ရတယ်လို့ AA ပြော

Rakhita Times

ကျောက်ဖြူတိုက်ပွဲရှောင်ပြည်သူတွေကို ထပ်မံလှူဒါန်းနိုင်ဖို့ အလှူငွေလိုအပ်နေ

Rakhita Times

Leave a Comment