NewsPolitic

AA နဲ့ SSPPတို့ တွေ့ဆုံမှုဟာ သတင်းအဟောင်းသာဖြစ်တယ်လို့ မဇ္ဈိမတွင် ဖော်ပြ

အာရက္ခတိုင်းမ်စ် (၂၈ ဧပြီ ၂၀၂၆)

AA နဲ့ SSPP တို့ စစ်ဘက်ခေါင်းဆောင်အရည်အသွေးမြှင့်တင်ရန် တွေ့ဆုံမှုဟာ သတင်းအဟောင်းသာဖြစ်တယ်လို့ မဇ္ဈိမသတင်းဌာနက ဧပြီလ ၂၈ ရက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ စစ်ဘက်ခေါင်းဆောင် အရည်အသွေးမြှင့်တင်ဖို့ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပြီး Deep Sigh ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဧပြီလ ၂၆ ရက်မှာ “ULA/AA and SSPP/SSA Hold Talks on Strengthening Military Leadership Training” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဓာတ်ပုံ လေးပုံကိုပါ ဖြန့်ဝေခဲ့ပါတယ်လို့ မဇ္ဈိမသတင်းဌာနက ရေးသားထားပါတယ်။

အဆိုပါ သတင်းကို ကြိုက်နှစ်သက်သူ ၂,၀၀၀ ကျော် ဖြစ်ခဲ့သလို မြန်မာလိုဘာသာပြန်ကာ ပြန်လည်ကူးယူ ဖြန့်ဝေတင်ဆက်မှုတွေလည်း ရှိနေပြီး မြန်မာလိုရေးသား ဖြန့်ဝေမှုတွေမှာတော့ အဲ့ဒီပုံတွေနဲ့ပဲ “စစ်ဘက် ခေါင်းဆောင်မှုအရည်သွေး မြှင့်တင်ဖို့ AA နှင့် SSPP ခေါင်းဆောင်များ တွေ့ဆုံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ဝေခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေကို မဇ္ဈိမသတင်းဌာနက Google Image Search ကနေတဆင့် အချက်အလက်စစ်ဆေးခဲ့ရာ ပထမဦးဆုံးအနေနဲ့ ဒီပုံလေးပုံကို စစ်ဆေးလိုက်တဲ့အခါမှာ ဒီနှစ် ဧပြီလ ၂၆ ရက်က ဖြစ်စဉ် မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်က ပုံဖြစ်နေတာကိုတွေ့ရပါတယ်လို့ ဆိုပါတယ်။

အဆိုပါ သတင်းဌာ “ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဒုစစ်ဦးစီးချုပ် နှင့် SSPP/SSA အရာရှိသင်တန်းကျောင်း အလုပ်အမူဆောင်တို့တွေ့ဆုံ” ဆိုတဲ့ သတင်းမှာ ပါဝင်ခဲ့တဲ့ ပုံတွေဖြစ်ပြီး SSPP Info ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖော်ပြထားခဲ့ပြီးသားဖြစ်တယ်လို့လည်း မဇ္ဈိမသတင်းဌာနက ရေးသားထားပါတယ်။

ဒါ့ကြောင့် အာရက္ခတပ်တော် (AA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ စစ်ဘက်ခေါင်းဆောင် အရည်အသွေးမြှင့်တင်ဖို့ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းဟာ အမှန်တကယ် မဟုတ်ဘဲ အရင်က ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ လိုသလို ပုံဖော် ပြန်လည်ရေးသား ဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်လို့လည်း မဇ္ဈိမသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

Related posts

အတုအယောင်လွှတ်တော်က စစ်အာဏာရှင်အလိုကျပဲဖြစ်နေမှာ

Rakhita Times

စစ်တကောင်းဒေသခံ ရက္ခိုင် ၆ ဦးကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် ဖမ်းဆီး

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

Rakhita Times

Leave a Comment