NewsPolitic

ပုဏ္ဏားကျွန်း စစ်ရှောင်စခန်းအချို့ လေပြင်းတိုက်လို့ ပျက်စီး

အာရက္ခတိုင်းမ်စ် (၃၀ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းတချို့ဟာ ဧပြီလ ၂၉ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ ပျက်စီးသွားတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးထံမှ သိရပါတယ်။

ဧပြီလ ၂၉ ရက် ညနေ ၅ နာရီကျော်တွင် ရွာသွန်းခဲ့တဲ့ မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်နေအိမ် အနည်းဆုံး ၁၀ လုံးခန့် ပျက်စီးခဲ့ပါတယ်။

“ မိုးတောင်မရောက်သေးဘူး အခက်အခဲတွေက စလာပြီ။ ရေတအားရှားတော့ မိုးရွာလို့ ပျော်ရမလားမှတ်တယ်။ လေပြင်းပါ ပါလာလို့ အမိုးတွေလန်၊ အကာတွေလွင့်နဲ့ မိုးတွင်းကျလာမှာကို တွေးတောင်မတွေးရဲဘူး” လို့ ပုဏ္ဏားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်ပြည်က စစ်ရှောင်ပြည်သူအချို့ဟာ ဘေးလွတ်ရာနေရာတွေမှာ ယာယီတဲအိမ်များ ဆောက်လုပ်ကာ နေထိုင်နေကြပါတယ်။

“ အရေးပေါ်လိုအပ်နေတာကတော့ သူတို့တွေ လုံလုံခြုံခြုံနဲ့ နေနိုင်ရေးပေါ့။ အဆောက်အဦးတွေကို ခိုင်ခိုင်မာမာလည်း မဆောက်ပေးရဲဘူး။ စစ်တပ်က အမြဲတမ်းလိုလို လေကြောင်းကနေ တိုက်ခိုက်နေတာဆိုတော့လေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အရေးကူညီလုပ်ကိုင်ပေးနေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ပျက်စီးသွားတဲ့ စစ်ရှောင်နေအိမ်တွေကို ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ကူညီပြီး ပြန်လည် ပြုပြင်ပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်တော်က တိုက်ပွဲရှောင်စခန်းတချို့ သောက်သုံးရေလိုအပ်နေ

Rakhita Times

ရက္ခိုင်တွင် ဇူလိုင် ၂၈ ရက် အထိ မိုးထစ်ချုန်းရွာပြီး လှိုင်းအလွန်ကြီးမယ်

Rakhita Times

ကလေးမြို့ နဲ့ ချင်းပြည်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းရတဲ့ ဆင်းကဒ်ကို ကျပ် ၅၀၀၀၀ ပေးဝယ်နေရ

Rakhita Times

Leave a Comment