BusinessNewsPolitic

မာန်အောင်ကနေ ရန်ကုန်ကို လေယာဉ်လက်မှတ်ခ ၁၅ သိန်းထိ ပေါက်နေ

အာရက္ခတိုင်းမ်စ် (၄ မေ ၂၀၂၆)

ရက္ခိုင်ပြည် မာန်အောင်မြို့ကနေ ရန်ကုန်ကို လေယာဉ်လက်မှတ်ခ ငွေကျပ် ၁၅ သိန်းအထိ ပေါက်ဈေးဖြစ်နေတယ်လို့ သိရပါတယ်။

“ တရားဝင် သတ်မှတ်ထားတာက ၆ သိန်း ၃ သောင်းကျပ်ပါ။ ဒါပေမယ့် တကယ်ဝယ်တဲ့အခါ ရန်ကုန်ကနေ မာန်အောင်ကို ၈ သိန်း၊ မာန်အောင်ကနေ ရန်ကုန်ကို ၁၅ သိန်း ပေးနေရပါတယ်” လို့ မာန်အောင်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်က စတင်ကာ ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက်နှုန်းနဲ့ လေယာဉ်ပြန်လည် ပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။

ပြေးဆွဲမယ့်နေ့နဲ့ ခရီးစဉ်တွေကတော့ တနင်္လာနေ့တွင် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန် ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်-ကျောက်ဖြူ-မာန်အောင်-ရန်ကုန်ဖြစ်ကာ သောကြာနေ့မှာတော့ ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန် စသဖြင့် ဖြစ်တယ်လို့ သိရပါတယ်။

ယခုလို ပြေးဆွဲတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က အမိန့်ပေးလို့ ပြေးဆွဲရတာဖြစ်တယ်လို့ မြန်မာအမျိုးသားလေကြောင်းက ထုတ်ပြန်ပါတယ်။

မာန်အောင်မြို့ကို ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ရန်ကုန်- မာန်အောင်- စစ်တွေ-ကျောက်ဖြူ လေကြောင်းခရီးစဉ်များအား လေယာဉ်ငယ်များဖြင့် ပြေးဆွဲမှုရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ လေယာဉ်ပြေးဆွဲမှု ရပ်တန့်ခဲ့တာလည်း ဖြစ်ပါတယ်။

မတ်လ ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်တဲ့ အစည်းအဝေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က ရက္ခိုင်ပြည်အတွင်းရှိ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့တွေကို လေကြောင်းလိုင်းများ မဖြစ်မနေ ပြေးဆွဲရန် အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

Related posts

စစ်တွေတွင် AA ကြောင့် စကမ တပ်သား ထိခိုက်သေဆုံးမှု များပြား၊ တိုင်းမှူးကိုယ်တိုင် ဆေးရုံသွား အားပေးစကားပြောနေရ

Rakhita Times

အမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေအောက်ခန်းဝင်ပြီး ခုခံနေ

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၁ သြဂုတ် ၂၀၂၅)

Rakhita Times

Leave a Comment