NewsPolitic

AA နဲ့ စကမတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၆ မေ ၂၀၂၆)

အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ကို စစ်ကော်မရှင်တပ်က မေလ ၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

“ ၄ ရက်နေ့ ညပိုင်းက ဂျက်ဖိုက်တာနဲ့ ၂ ခါတောင် ကြဲသွားတယ်။ အနည်းဆုံးတော့ ၅ လုံးလောက်ရှိတယ်။ ပန်းတောကြီးနဲ့ စက်စက်ယိုကို ကျတာ။ နေအိမ်တွေလည်း မီးလောင်ကုန်တယ်” လို့ လေးမျက်နှာမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းယူထားပြီး စစ်ကော်မရှင်ဖက်က တန်ပြန် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေသလို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ်-ဟင်္သာတလမ်းကနေ စစ်ကူအင်အားတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ လေးမျက်နှာမြို့နယ်ဟာ ရေကြည်၊ မြန်အောင်၊ ဇလွန် နဲ့ ဟင်္သာတ စတဲ့ မြို့နယ်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာလည်း ဖြစ်ပါတယ်။

အလားတူ ဧပြီလ ဒုတိယအပတ်ကလည်း လေးမျက်နှာမြို့နယ်ကို စစ်ကော်မရှင်က ညသန်းခေါင်အချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

AA ရဲ့ ပစ်ခတ်မှုကြောင့် နေဗီတစီး မီးလောင်

Rakhita Times

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတချို့မှာ အုပ်ချုပ်‌ရေး အာဏာပြတာတွေ ရှိနေ

Rakhita Times

စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကိုအရေးယူပေးရန် မူဆလင်ရေးရာကောင်စီတောင်းဆို

Rakhita Times

Leave a Comment