NewsPolitic

ကပစ ၁၆ ကို သိမ်းပိုက်နိုင်ရန် ပွိုင့် ၅၀၆ ကို AA ထိုးစစ်ဆင်

အာရက္ခတိုင်းမ်စ် (၈ မေ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံကို သိမ်းပိုက်နိုင်ရန်အတွက် ပွိုင့် ၅၀၆ စခန်းကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“ ဒီလဆန်းကတည်းက တိုက်ပွဲပြင်းထန်နေတာ၊ ပြီးခဲ့တဲ့ ရက်ကတောင် ကပစ ၁၆ အထဲထိကို လက်နက်ကြီးနဲ့ ပစ်ခဲ့နိုင်ခဲ့တယ်။ အခုက ကပစ ရဲ့ နောက်ထပ် ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့် ၅၀၆ ကုန်းကို ထိုးစစ်ဆင်နေတာ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံကို အဓိက ကာကင်းစခန်း ၄ ခုဖြစ်တဲ့ ပွိုင့် ၆၆၆ ၊ ပွိုင့် ၅၀၆၊ ပွိုင့် ၂‌၆၈ နဲ့ ပွိုင့် ၃၅၃ စတာတွေနဲ့ ကာထားတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကာကင်း ၄ ခု အနက် ပွိုင့် ၆၆၆ ကာကင်းစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဇန်နဝါရီလ ၂၈ ရက်က သိမ်းပိုက်ထားပြီး အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်ဖက်က အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပါတယ်။

နောက်ထပ် ကျန်ရှိနေတဲ့ ကာကင်းစခန်း ၃ ခု အနက် ပွိုင့် ၅၀၆ ကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့လည်း ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆) အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာ အာရက္ခတပ်တော်နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ကပစ (၁၆) အနီးမှာရှိတဲ့ မသုန်၊ ပန်းကန်ကွဲနဲ့ ညောင်ကျိုးကျေးရွာ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Related posts

ARO ခေါင်းဆောင် အဗ္ဗဒူဟာလင်း ပစ်သတ်ခံရ

Rakhita Times

စပါးရောင်းရငွေ တောင်သူတွေ လက်ငင်းမရဘဲဖြစ်နေ

Rakhita Times

မူးယစ်ဆေးဝါးကရတဲ့အမြတ် ၇၀ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းဝယ်ယူရာမှာ AA အသုံးပြုလို့ စကမ ဆို

Rakhita Times

Leave a Comment