HealthNewsPolitic

မင်းပြားတွင် ကလေး ၃ မွှာပူး မွေးဖွား

အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့နယ် ကမ်းနီရွာတွင် မေလ ၈ ရက်က မိခင်တဦးက ကလေး ၃ မွှာပူး မွေးဖွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အဆိုပါ ကလေး ၃ မွှာပူးကို ရက္ခိုင်ပြည် မင်းပြားမြို့နယ် ကမ်းနီရွာနေ အသက် ၄၀ အရွယ် ဖခင် ဦးမောင်ယေချေ နဲ့ အသက် ၃၀ အရွယ် မိခင်ဖြစ်သူ ဒေါ်အေးအေးငြိမ်း တို့က မွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။

“နေ့လည်မှာ စပြီးမီးဖွားတာ၊ ၁ နာရီလောက်ပေါ့ ပထမဆုံး ယောင်္ကျားလေး မွေးတယ်။ နောက်ပြီး ည ၁၀ နာရီ ခွဲလောက်မှာ ၂ မိနစ်ခွဲပြီး နောက်ထပ် ယောင်္ကျားလေး ၁ ယောက်နဲ့ မိန်းကလေး ၁ ယောက် ထပ်မွေးတယ်” လို့ မင်းပြားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကလေး ၃ ယောက်လုံးနဲ့ မိခင်ဖြစ်သူပါ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ကလေး ၃ မွှာပူး မွေးဖွားခဲ့တဲ့ မိသားစုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ငွေကျပ် ၁၀ သိန်း လာရောက် ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo – APM

Related posts

ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်း၊ နေရာအနှံ့ မိုးကြီးနိုင်

Rakhita Times

စစ်တွေကို ကုန်စည်မဝင်တာ ၁ လနီးပါးရှိနေ

Rakhita Times

သံတွဲမြို့အနီး ငလျင်လှုပ်ခတ်၊ ပျက်စီးဆုံးရှုံးမှု မရှိ

Rakhita Times

200 comments

Leave a Comment