NewsPolitic

တပ်မှူးချုပ်ထွန်းမြတ်နိုင်၏ ရာဇသံနှင့် အာရက္ခနိုင်ငံတော်အိပ်မက်ကို လှမ်းမျှော်ကြည့်ခြင်း

🖊️မင်းသုတ🖊️ 

၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် လူအင်အား (၂၆) ယောက်၊ လက်နက်အင်အား သေနတ်တလက်ဖြင့် စတင် ထူထောင်ခဲ့သည့် အာရ​က္ခတပ်တော် (AA) သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် (၁၇) နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။ ယခုအချိန်မှာ အာရက္ခတပ်တော်သည် လက်နက်အင်အားဆိုပါက နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့ပေးနိုင်သည်အထိ အများအပြားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ 

၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၁) ရက်က ဧရာဝတီသတင်းထောက် နန်းလွင်နှင်းပွင့်က “ လက်နက်တွေ ထုတ်နိုင်ဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတော့ လက်နက်စက်ရုံ တည်ဆောက်ဖို့ စီစဉ်နေတာရော ရှိပါသလား” ဆိုပြီး မေးမြန်းခဲ့ရာ တပ်မှူးချုပ်က “ အဲ့ဒီလို ရည်မှန်းချက် အခိုင်အမာ ရှိပါတယ်” ဆိုပြီး ဖြေဆိုခဲ့ဖူးသည်။ လက်ရှိအချိန်မှာ အာရက္ခတပ်တော်တွင် လက်နက်စက်ရုံ တည်ဆောက်နေပြီလား၊ တည်ဆောက်ထားပြီး ဖြစ်နေပြီလား ဆိုသည်ကို ပြောဆိုရန် ခက်ခဲသော်လည်း ဒရုန်းနည်းပညာ၊ စကားပြောစက်၊ ယူနီဖောင်းများ (ULA/AA, DLEPS) စသည့် စစ်ရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အသုံးအဆောင်များကို လွန်ခဲ့သည့် နှစ်များကတည်းက ထုတ်လုပ်၊ ဝတ်ဆင်၊ အသုံးပြုထားပြီး ဖြစ်နေသည်ကို တွေ့မြင်ရသည်။

“ စစ်​မြေပြင်မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြောင့် ပင်ပန်းဒုက္ခ ဖိစီးမှုတွေကို ဖြတ်သန်းနေကြရသော်လည်း မရပ်မနား ကြိုးစားအားထုတ်မှုတွေနဲ့အတူ တရက်ထက်တရက် ပိုပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ အစစအရာရာ စိတ်ဓာတ်ခွန်အား​တွေ ပိုကြီးလာတယ်။ ယုံကြည်မှုတွေ ပိုပြီး ခိုင်မာ ပြတ်သားလာတယ်။ အများမကြာခင် သိပ်မဝေးတဲ့ အနာဂတ်တခုမှာ ငါတို့အားလုံး မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေကို အသေအချာ ရရှိစေရမယ်။ ငါတို့ ချီတက်သွားမယ့်လမ်းကို ဘယ်အရာကမှလည်း တားဆီး ပိတ်ပင်နိုင်လိမ့်မယ် မဟုတ်။ အတားအဆီး မှန်သမျှကိုလည်း ငါတို့ရဲ့ သတ္တိ၊ ဉာဏ်ပညာ၊ ခွန်အားတွေနဲ့ လမ်းတွေ၊ တံတား​တွေအဖြစ် ပြောင်းလဲသွားစေရမယ်” ဆိုပြီး (၁၇) နှစ်မြောက် အာရက္ခတပ်တော်နေ့ သဝဏ်လွှာတွင် တပ်မှူးချုပ်က အားမာန်အပြည့်ဖြင့် ထည့်သွင်း ပြောဆိုထားသည်ကို တွေ့ရှိရသည်။ အဆိုပါ သဝဏ်လွှာပါ တပ်မှူးချုပ်၏ စကားကို ထောက်ဆသောအားဖြင့် အာရက္ခတပ်တော်တွင် နည်းပညာပိုင်းဆိုင်ရာလည်း အယင်ကထက် တိုးတက်လာသည်ဟု နားလည်နိုင်မည် ဖြစ်သည်။ 

စစ်သည် (လူ) အင်အားမှာ ဆိုပါကလည်း တော်လှန်ရေးတပ်များ အားလုံးထက် များပြားနေလိမ့်မည်ဟု မှတ်ချက် ပေးခံနေရသည်။ မိုးစက်ငြိမ်းကျော်၏ “ အာရက္ခတပ်တော် အပစ်ရပ်နိုင်လား” ဆိုသည့် ဆောင်းပါးတွင် “ အာရက္ခတပ်တော်တွင် စစ်သည်အင်အား (၅၀,၀၀၀) အထက်နှင့် အများဆုံးဖြစ်၏” ဟု ရေးသား ဖော်ပြထားသည်။ စင်စစ်သော် အာရက္ခတပ်တော်သည် တော်လှန်ရေး အဖွဲ့အစည်းတခု ဆိုသည်ထက် တမျိုးသားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံတော်တခု၊ တိုင်းပြည်တပြည်၏ ကိုယ်စားပြု စစ်တပ်အဖြစ် တည်ဆောက်နေခြင်းဟု နားလည်ထားရန် လိုအပ်ပါလိမ့်မည်။ အကြောင်းအမျိုးမျိုးကြောင့် (၁၇) နှစ်မြောက်၊ တပ်တော်နေ့ကို ခမ်းနားထည်ဝါစွာ ကျင်းပခြင်း မပြုလုပ်ခဲ့ပေ။ အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ မလေး၊ ထိုင်း စသည့် နိုင်ငံရပ်ခြား တိုင်းတပါးများတွင် ရက္ခိုင်ရိုးရာ ယဉ်ကျေးမှု အကများနှင့်အတူ တပ်တော်နေ့ကို အချိန်နှင့်တပြေးညီ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်ကို facebook လူမှုကွန်ရက်ကတဆင့် ကြားသိ တွေ့မြင်ခဲ့ရသည်။ 

အာရက္ခပြည်အတွင်းလည်း နယ်မြေတချို့တွင် တပ်တော်နေ့ အထိမ်းအမှတ်အဖြစ် လှယဉ်ကျေးမယ် ပြိုင်ပွဲ၊ ကာယဗလ မောင်/မယ် ပြိုင်ပွဲ၊ ရိုးရာကျင်ကိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများကို လုံခြုံရေး တင်းကျပ်စွာ ကိုင်တွယ် ပြုလုပ် ကျင်းပပေးခဲ့သည်။ အထိမ်းအမှတ် ပြိုင်ပွဲများအားလုံးသည် လူမှုသဟဇာတ (Social Cohesion) ခိုင်မြဲရေးကို အဓိက ရည်ရွယ်ကာ ပြုလုပ် ကျင်းပခြင်းလည်း ဖြစ်သည်။ ယင်းကြောင့်လည်း လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် မြိုရိုးရာ အကများ၊ ဓားသိုင်းအကများ အစရှိသည့် တိုင်းရင်းသားလူမျိုးများ​၏ ရိုးရာအကများကို ထည့်သွင်း ​ဖျော်ဖြေ တင်ဆက်ပေးခဲ့သည်။ ဘောလုံးပြိုင်ပွဲတွင် ဆိုပါကလည်း ရက္ခိုင်၊ မွတ်ဆလင်၊ မြို၊ ခမီ စသည့် လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြသည်။ ဤနှစ် ထူးခြားသည်မှာ ပုံမှန် ကျင်းပနေကျဖြစ်သည့် ရက္ခိုင်လူမျိုး တသင်း၊ မြိုလူမျိုး တသင်း၊ မွတ်ဆလင်လူမျိုး တသင်း စသဖြင့် လူမျိုးဆိုင်ရာ အသင်းလိုက် ဝင်ရောက် ယှဉ်ပြိုင်စေခြင်းမျိုး မဟုတ်ဘဲ အသင်းတသင်းတွင် ရက္ခိုင်၊ မွတ်ဆလင်၊ မြို၊ ခမီ စသည့် လူမျိုးများ ရောပြွမ်းကာ ခရိုင်အလိုက် ပူးပေါင်းပါဝင် ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့်လည်း “ လူမှုသဟဇာတဖြစ်ရေး ဆိုသည်ထက် လူမှုသဟဇာတကို ခိုင်မာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်သည်” ဆိုပြီး ပြောဆိုခြင်းဟု ယူဆရသည်။ ပကတိမြေပြင်တွင်လည်း လူမှုသဟဇာတမှာ အယင်ကထက် ပိုပြီး ခိုင်မာလာသည်ကို တွေ့ရှိရသည်။ လူမျိုးစု ခေါင်းဆောင် ပုဂ္ဂိုလ်များကိုလည်း တကူးတကာ့ ဖိတ်ကြား တက်ရောက်စေခဲ့သည်။ ပလ​က်ဝခရိုင်တွင် ဆိုပါက တပ်တော်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကော်မရှင် တပ်သား၊ ရဲ သုံ့ပန်း အပါအဝင် အရပ်ဖက် အကျဉ်းသား (၂၁) ယောက်ကို လွတ်ငြိမ်းခွင့် ပေးခဲ့သည်။ 

တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကားစွာ မကျင်းပခဲ့သော်လည်း AA ၏ မဟာမိတ်များ ဖြစ်ကြသည့် MNDAA နှင့် TNLA အပါအဝင် နွေဦးတော်လှန်ရေး တပ်ဖွဲ့များ ဖြစ်ကြသည့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ဧရာဝတီပြည်နယ် ကာကွယ်ရေးတပ် (ASDF)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (မကွေး)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ယောကာကွယ်ရေးတပ် (YDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CHPR) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစရှိသည့် ​တော်လှန်ရေး အဖွဲ့အစည်းပေါင်း (၃၀) ကျော်က ဂုဏ်ပြု သဝဏ်လွှာစာများ ပေးပို့ခဲ့ကြသည်။ 

“ သဝဏ်လွှာများနှင့် နှုတ်ခွန်းဆက်စကား အသီးသီး ပို့ပေးလာကြသည့် သက်ဆိုင်သူများအားလုံးကို မိမိတို့ ULA/AA မှ အာရက္ခပြည်သူလူထုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။ ပေးပို့လာကြသော အဖွဲ့အစည်း အသီးသီးတိုင်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုအတွင်း အောင်မြင်ကြပါစေကြောင်း တုံ့လှည့်မေတ္တာ ဆုမွန်ကောင်း တောင်း ပေးလိုက်ပါသည်” ဆိုသည့် ကျေးဇူးတင်လွှာ တစောင်ကိုလည်း (ULA/AA) က ပေးပို့ခဲ့သည်။ တပ်မှူးချုပ် ထွန်းမြတ်နိုင်သည်လည်း အာရက္ခ စစ်သည်တော် (ရဲဘော်) များသို့ သဝဏ်လွှာစာ ပို့ပေးခဲ့သည်။ အဆိုပါ စာသဝဏ်လွှာတွင် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ သံတမန်ရေး၊ စီးပွါးရေးနှင့် နည်းပညာပိုင်းဆိုင်ရာများကို အပိုအလိုမရှိ ထည့်သွင်း ပြောကြားထားမှုကို တွေ့ရှိရပါသည်။ 

“ လက်ကျန် အဆုံးအဖြတ် တိုက်ပွဲတွေကို ဒီ ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ် မကုန်ခင် လက်စသိမ်း အောင်ပွဲခံသွားမယ်။ လုံးဝ ယုံကြည်ချက်နဲ့အတူ လုပ်စရာ ရှိတာတွေကို ဆက်လက် လုပ်ဆောင်လို့ ရှိနေတယ်။ ခြွင်းချက်အနေနဲ့ အဲ့ဒီကာလကို ရောက်လို့ လ​က်စ မသိမ်းနိုင်သေးရင်လည်း မိုးအဆုံး မြေအဆုံးထိ ချီတက် တိုက်ခို​က်သွားမှာ ဖြစ်တယ်။ ငါတို့တွေရဲ့ ပေးဆပ်ထားမှုတွေ ဘာတခုမှ အလဟဿ (အကျိုးမဲ့) မဖြစ်စေရ။ နိုင်ကို နိုင်ရမယ်။ အောင်ကို အောင်ရမယ်ဆိုတဲ့ ယုံကြည်မှု သန္နိဋ္ဌာန်နဲ့အတူ ငါတို့ ဆက်လ​က်ပြီးတော့ အပြတ်သားဆုံး တိုက်ပွဲဝင်ကြရမယ်လို့ (၁၇) နှစ်မြောက် တပ်တော်နေ့မှာ လမ်းညွှန် မှာကြားလိုက်တယ်” ဆိုပြီး ထည့်သွင်း ပြောဆိုထားသည်။ လက်ကျန်သုံးမြို့ဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များကို ၂၀၂၆၊ ၂၀၂၇ ခုနှစ်အတွင်း တိုက်ခိုက် သိမ်းပိုက်ကြရမည်ဆိုပြီး အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ အာရက္ခ စစ်သည်တော်များသည် အာရက္ခပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန် အချိန်တိုင်းမှာ အသင့် အနေအထား ရှိနေကြသည်။ အာရက္ခ စစ်သည်တော်များကို တပ်မှူးချုပ်က ထိုသို့ လမ်းညွှန် မှာကြားလိုက်သည့်အခါ မြင်းကို တောင်ပံ တပ်ဆင်ပေးလိုက်သည့်ပမာ ဖြစ်သွားပါလိမ့်မည်။ စစ်သည်တော်များ၏ တိုက်ခိုက်ရေး စွမ်းရည်ကိုလည်း သိဒ္ဓိ တင်ပေးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု ယုံကြည်ရပါသည်။ ယင်းကြောင့်လည်း အာရက္ခ စစ်သည်တော်များ၏ ထိုးစစ်ဆင်မှုနှင့်အတူ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တွင် နှစ်ဖက် စစ်ရေး တင်းမာလျက် ရှိနေကြသည်။ 

တပ်မှူးချုပ်၏ အဆိုပါ လမ်းညွှန် ပြောကြားချက်သည်ပင် တဖက်မှာလည်း ရန်သူကို “ မင်းတို့ကောင်တွေ ၂၀၂၆၊ ၂၀၂၇ ခုနှစ် မကုန်ခင် ငါတို့ရဲ့ အာရက္ခပြည်က အပြီးအပိုင် ထွက်ခွါသွားကြရမယ်” ဆိုပြီး ရာဇသံ ပေးလိုက်ခြင်းပင် ဖြစ်သည်။ တပ်မှူးချုပ်က ယင်းသို့ အာရက္ခ စစ်သည်တော်များကို အမိန့်ပေး မီးစိမ်းပြကာ ရန်သူတော်များကိုလည်း ရာဇသံပေးပြီးနော​က် စစ်ကော်မရှင်သည် သွေးတိုးစမ်းသည့် သဘောဖြင့် အာရက္ခတပ်တော် သိမ်းပိုက် ရယူထားသည့် ရမ်းဗြဲမြို့နယ်ဖက်ကတဆင့် တောင်ကုတ်မြို့နယ်ဖက်သို့ ကမ်းကပ်ရန် ကြိုးစားလာနေခဲ့သည်။ စစ်ရေးအင်အား ခြိမ်းခြောက်မှုနှင့်အတူ ပြန်လည် တိုက်ယူမည်ဆိုသည့် နှလုံးသွင်းမှုဖြင့် လာရောက်ခြင်း ဖြစ်ပါလိမ့်မည်။ သို့သော်လည်း အာရက္ခတပ်တော်၏ တိုက်ခိုက်ခြင်းကို အလူးအလဲ ခံလိုက်ရသောကြောင့် ဒဏ်ရာဒဏ်ချက်ဖြင့် အထိနာကာ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဘဲ  နောက်ဆုတ် (တပ်ဆုတ်) ထွက်ခွါ သွားခဲ့ရသည်။ စစ်ကော်မရှင်သည် AA သိမ်းပိုက်ထားသည့် မြို့နယ်တချို့ကို ပြန်လည်ရယူရန် ရေတပ်အင်အားဖြင့် ကြိုးစားလာခြင်းပင် ဖြစ်သည်။ 

သို့သော် စစ်ကော်မရှင်သည် လက်လွှတ် ဆုံးရှုံးလိုက်ရသည့် မြို့နယ်များကို ပြန်လည် ရယူနိုင်မည့်အစား ကမ်းကိုတောင်မှ ကပ်နိုင်ခွင့် မရရှိခဲ့ဘဲ လာရာလမ်းအတိုင်း လှည့်ပြန် သွားလိုက်ရသည်။ ကမ်းကပ်ရန် ကြိုးစားလာကြသည့် စစ်ကော်မရှင် တပ်သားများမှာ “ သေချင်တဲ့ နွား တောနားကို ယောင်” ဆိုသလိုမျိုး ဖြစ်နေရသည်။ တဖက်မှာလည်း စစ်တွေမြို့နယ် မကျရှုံးစေရန်အတွက် ဧ​ပြီလ (၂၁) ရက်နေ့ကစပြီး ရေတပ်အင်အားများ ဖြည့်ဆည်းမှုနဲ့အတူ ခံတပ်ကို ပြုလုပ်လာနေဟု  နိရဉ္စရာ သတင်းဌာနတွင် ရေးသား ဖော်ပြထားသည်။ စစ်ကော်မရှင်သည် အာရက္ခတပ်တော်၏ ထိုးစစ်ဆင်မှုကို ကြောက်လန့်ကာ စစ်တွေမြို့ရှိ အရာရှိ မိသားစုဝင်များ အရေးပေါ် ထွက်ပြေး တိမ်းရှောင်နိုင်စေရန် ဧပြီလ (၂) ရက်ကတည်းက ရဟတ်ယာဉ်များ ထပ်မံ၍ ဖြည့်တင်း ထားရှိခဲ့သည်ဟုလည်း ဧရာဝတီတိုင်းမ် သတင်းဌာနတွင် ရဟတ်ယာဉ်များ ပါဝင်သည့် ရုပ်သံသတင်းအဖြစ် တင်ဆက်ထားခဲ့သည်။ 

အဆိုပါ အစီအစဉ်ကို  စစ်တွေအခြေစိုက်၊ ဒေသကွပ်ကဲရေးမှူး (ဒကစ)၊ ခြေလျင်တပ်ရင်း (ခလရ-၂၀) တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးကိုယ်တိုင် ဦးစီးပြီး ခံစစ် ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟုလည်း သိရသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် ကျော်စွာဦး ကိုယ်တိုင် လမ်းညွှန် ကြီးကြပ် ကွပ်ကဲနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အာရက္ခတပ်တော်ကို တိုက်ခိုက်၍ မနိုင်သောကြောင့်ဟုဆိုကာ ဗိုလ်မှူးချုပ် ကျော်စွာဦးသည် ဧပြီလ (၂၃)ရက်တွင် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီး ဖြစ်သည်။ သူ့နေရာတွင် ရှမ်းပြည်နယ်၊ ဖက်ခုံမြို့ အခြေစိုက်၊ စကခ (၇) မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူးကို အစားထိုး ခန့်အပ်ထားပြီးလည်း ဖြစ်သည်။ 

အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်၍ မနိုင်သောကြောင့် ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး ယခုအချိန်ထိ တိုင်းမှူး ငါးဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့ပြီဟု သိရသည်။ အဆိုပါ ငါးဦးမှာ ဗိုလ်ချုပ် အောင်အောင်၊ ဗိုလ်ချုပ် ကြည်ခိုင်၊ ဗိုလ်ချုပ် ဝေလင်း၊ ဗိုလ်ချုပ် စိုးကျော်ထက်နှင့် ယခုလက်ရှိ ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်တို့ ဖြစ်ကြောင်း သိရသည်။ တိုင်းမှူးများ အပြောင်းအလဲ ဖြစ်နေသော်လည်း စစ်ကော်မရှင်သည် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ ရှိနေသည့် နေရာများသို့ သွားမတိုက်ရဲကြဘဲ တိုက်ပွဲအတုအယောင်များကို ဟန်ရေးကြ ဖန်တီးနေကြသည်ဟု ဆိုသည်။

“ လေကြောင်း အကူရှိနေလို့။ မဟုတ်ရင် မြို့နယ်အတော်များများ အေအေ လက်ထဲ ပါသွားပြီ။ လေကြောင်း စစ်ကူမပါဘဲ စစ်တပ်က အေအေကို တိုက်မနိုင်တော့ဘူး။ မြေပြင်မှာ တပ်အချင်းချင်း ယှဉ်ရင် ဘယ်လိုမှ သူတို့ အေအေကို အနိုင်မတိုက်နိုင်တာကို တွေ့ရတယ်” ဆိုပြီး မြေပြင်သတင်းရင်းမြစ်တဦးက ရက္ခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာနသို့ ​ပြောဆိုထားသည်။ အာရက္ခပြည်၊ အမ်းတိုက်ပွဲတွင်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ဒုတိယဗိုလ်မှူးချုပ် သောင်းထွန်းတို့ကလည်း အာရက္ခတပ်တော် (AA) ထံမှာ ဖမ်းဆီးခံထားရကာ ယခုအချိန်ထိ စစ်သုံ့ပန်းဘဝဖြင့် အသက် ဆက်ရှင်လျက် ရှိနေသေးသည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မတ်လ (၃၀) ရက်တွင် ရဲဝင်းဦးကို စစ်ချုပ်ရာထူးအား လွှဲပြောင်း ပေးလိုက်သည်။ သူကိုယ်တိုင်က အမည်ခံ စစ်တပ်မိသားစု ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ မဲအနိုင်ရသည်ဟုဆိုကာ ဧပြီလ (၁၀) ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတအဖြစ် ရာဇပလ္လင်ပေါ်မှာ တက်ထိုင်လျှက် ရှိနေသည်။ စစ်အာဏာကို လွှဲအပ်ခံရသည့် ရဲဝင်းဦးသည် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်၏ လူယုံတော် သစ္စာခံတယောက်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။ လူယုံတော် သစ္စာခံဆိုပါက တပည့်ဟုလည်း တင်စား ပြောဆိုနိုင်သည်။ တပည့်ဖြစ်သူအား စစ်အာဏာကို ပေးအပ်ထားပြီး ဆရာဖြစ်သူက အစိုးရအမည်ခံကာ ပြည်သူ့အာဏာကို အလိုမတူဘဲ အတင်းအဓမ္မ ရယူထားခြင်း ဖြစ်သည်။ ယင်းကြောင့် မြန်မာ့စစ်ရေးနှင့် နိုင်ငံရေးကို ဆရာ၊ တပည့်နှစ်ယောက် ခြယ်လှယ်အုပ်ချုပ်ရန် စီမံချက် ရေးဆွဲ လုပ်ဆောင်နေကြခြင်းဟု ပြောဆိုနိုင်ပေသည်။

စစ်ခေါင်းဆောင်သစ် ရဲဝင်းဦး လက်ထက်တွင် အာရက္ခပြည်ကို ရေကြောင်းခရီးဖြင့် စစ်အင်အား တိုးချဲ့လာခြင်းနှင့်အတူ အာရက္ခတပ်တော်ကို စစ်ရှုံး၍ လက်လွှတ်လိုက်ရသည့် မြို့နယ်တချို့ကို ပြန်လည် တိုက်ယူရန် ကြိုးစားလာသည်ကို တွေ့မြင်နေရသည်။ သို့သော်လည်း အာရက္ခတပ်တော်၏ တန်ပြန် တိုက်ကွက်ဆင်ခြင်းနှင့်အတူ တပ်ဆုတ် နေကြရသည်။ လေကြောင်းဖြင့်လည်း တကြိမ်လျှင် တစီးထက်ပိုသော ဂျတ်လေယာဉ်များ၊ Y-12 များဖြင့် တပြိုင်နက် တိုက်ခိုက် ဖျက်ဆီးလေ့ ရှိနေသည်။ 

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည်လည်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းက မြို့နယ်များနှင့်အတူ အာရက္ခပြည်အတွင်း လက်လွှတ် ဆုံးရှုံးထားရသည့် မြို့နယ် (၁၄) ခုကို ဧပြီလ (၂၃) ရက်တွင် “ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်” ဆိုပြီး ထုတ်ပြန်ခဲ့သည်။ လက်လွှတ် ဆုံးရှုံးထားရသည့် မြို့နယ်များကို ပြန်လည် တိုက်ခိုက် ရယူရန် မတတ်နိုင်သော်လည်း အရေးပေါ် ထုတ်ပြန် ကြေညာလိုက်ခြင်းသည် “ လှမ်းမမီဘဲ ရမ်းပစ်” ဆိုသလို လေကြောင်းအန္တရာယ်ဖြင့် တရားဝင် ခြိမ်းခြောက် ပြောဆိုလိုက်ခြင်းဟု နားလည်နိုင်သည်။ ယင်းကြောင့် လေကြောင်းအန္တရာယ်ကို ယခင်ကထက် ပို​ပြီး ဂရုစိုက်ကြရန် လိုအပ်ပေသည်။ အာရက္ခတပ်တော်သည်လည်း ပြည်သူလူထုများ လေကြောင်းအန္တရာယ် ကာကွယ်နိုင်စေရန် လိုက်ရမည့် အချက်များကို ထုတ်ပြန် ကြေညာထားသည်။ လေကြောင်းအန္တရာယ် မကျရောက်မီ ကြိုတင် ပြင်ဆင်ထားရမည့် အချက် (၈) ချက်နှင့် လေကြောင်းအန္တရာယ် ကျရောက်ချိန် လိုက်နာရမည့် အချက် (၇) ချက်၊ စုစုပေါင်း ဆောင်ရန်နှင့် ရှောင်ရန် (၁၅) ချက်ကို ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။ စစ်ကော်မရှင်သည် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်၍ မနိုင်သည့်အခါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးခြင်းနှင့်အတူ ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်များကို ဗြောင်ကျကျ လုပ်ဆောင်လာကြသည်။ 

AA နှင့် KIA အပါအဝင် PDF အဖွဲ့ပေါင်း (၅၀) နီးပါးက အမျိုးသား (၄၇၀) ယောက်၊ အမျိုးသမီး (၄၇) ယောက်၊ စုစုပေါင်း (၅၁၇) ယောက်၊ လက်နက်ငယ် (၂၂) ခု၊ Drop ​ဗုံး (၁၄) လုံး၊ လက်လုပ်လက်နက် (၉) ခု၊ ရှော့တိုက်ဒုံး (၄) ခု၊ ဗုံးသီး (၂၂) လုံးနှင့်အတူ မတ်လ (၂၄) ရက်တွင် အလင်းဝင်လာကြသည်ဆိုပြီး Voice Of Myanmar (VOM) သတင်းဌာနတွင် ဝါဒ ဖြန့်ချိထားသည်။ ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ကော်မရှင်သည် အောင်ပွဲရရှိသည်ဟုဆိုကာ ဧပြီလ (၂၆) ရက်က စစ်တွေမြို့၊ နယ်မြေခံတပ်ရင်းတွင် ဂုဏ်ပြုကြိုဆွဲပွဲ ပြုလုပ်ပြီး ဝါဒ ဖြန့်ချိခဲ့သည်။ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည်လည်း ဇူလိုင်လ (၃၁) ရက်မတိုင်မီ ရက် (၁၀၀) အတွင်း နွေ​ဦးတော်လှန်ရေး PDF များကို လက်နက်ချခိုင်းထားပြီး၊ EAOs များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် နှုတ်စောင့်စည်းမှု မရှိဘဲ စိတ်လွတ်သူပမာ ရူးကြောင်ကြောင်သာ ပြောဆိုထားခဲ့သည်။ “ ကျနော် သိရသလောက် နွေဦးတော်လှန်ရေး PDF တွေကတော့ ပြန်တိုက်ဖို့အတွက် စုစည်းနေကြပြီ။ အေအေ ကတော့ ရက် (၁၀၀) အတွင်းမှာ တရုတ်ရဲ့ ဖိအားနဲ့ အပစ်တော့ ရပ်စဲသွားနိုင်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးတော့ ဆွေးနွေးမှာ မဟုတ်ဘူး။ ရရှိထားတဲ့ နယ်မြေတွေကိုလည်း ပြန်ပေးမှာ မဟုတ်ဘူး” ဆိုပြီး CDM ဗိုလ်ကြီး ဇင်ယော်က သူ၏ အမြင်ကို ပြောဆိုထားသည်။ 

လွန်ခဲ့သည့် မတ်လအတွင်းကလည်း အေအေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် စစ်ကော်မရှင်သည် တရုတ်ကို အကူအညီ တောင်းဆိုခဲ့သည်ဆိုသည့် သတင်းလည်း ထွက်ပေါ်ခဲ့သည်။ ထိုစဉ် ခိုင်သုခက “ စစ်ကော်မရှင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှာ မဟုတ်ဘူး” ဆိုပြီး ယတိပြတ် ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်သည်။ ULA/AA သည်လည်း “ အာရက္ခပြည် စစ်ကော်မရှင် လက်အောက်က လွတ်မြောက်မှ ငြိမ်းချမ်းရေးရမည်” ဆိုပြီး ခိုင်မာသည့် ယုံကြည်ချက် ရှိထားပြီး ဖြစ်သည်။ 

အာရက္ခတပ်တော် (AA) ၏ မြောက်ပိုင်းညီနောင်မဟာမိတ်များ ဖြစ်ကြသည့် MNDAA, TNLA နှင့် KIA သည်လည်း တော်လှန်ရေး စတင် လုပ်ဆောင်လာကတည်းက ယနေ့အချိန်ထိ တိကျ ခိုင်မာ ပြတ်သားသည့် စစ်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက် မရှိဟု ပြောဆိုရမည် ဖြစ်၏။ လမ်းစဉ်မရှိသလို ပန်းတိုင်လည်း မရှိသည့် အဖွဲ့အစည်းများအဖြစ် ရှုမြင်နိုင်သည်။ တော်လှန်ရေးခရီး ကြံ့ကြာနေသည့် တခုတည်းသော အကြောင်းရင်းဟုလည်း ပြောဆိုနိုင်သည်။  ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာကြသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့ PDF များ၏ စစ်ရေးရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်မှာ ဖက်ဒရယ်လ် ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးဟု နားလည်ထားရသည်။ 

သို့သော် “ ရက္ခိတလမ်းစဉ်” နှင့်အတူ မယိမ်းမယိုင် ဖြောင့်ဖြောင့်တန်းတန်း ယုံကြည်ချက်အပြည့်ဖြင့် ချီတက်လာသည့် အာရက္ခတပ်တော် (AA) ၏ စစ်ရေးရည်မှန်းချက်မှာ အာရက္ခပြည်အတွင်း စစ်မကော်ရှင်တပ်သားများ လုံးဝ ကင်းစင်သွားရေး ဖြစ်သလို AA မှအပ တခြား မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမျှ မရှိစေရေး ဖြစ်သည်။ အာရက္ခစစ်သည်တော်များ၏ တိုက်ခိုက်ရေး စွမ်းရည်များ မြင့်မားလာခြင်း၊ မဟာမိတ်အင်အား တိုးချဲ့လာနိုင်ခြင်းနှင့်အတူ ရက္ခိတလမ်းစဉ်သည်လည်း အာရက္ခပြည်မှ မြန်မာနိုင်ငံအနှံ့ထိ ပြန့်နှံ့လာမှုကြောင့် နွေဦးတော်လှန်ရေး တပ်ဖွဲ့များကိုလည်း အာရက္ခတပ်တော်က ဦးဆောင်လာနိုင်သည်ကို တွေ့မြင်လာရသည်။ နွေဦးတော်လှန်ရေး တပ်ဖွဲ့များကို ဦးဆောင်နိုင်မှုနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုလည်း စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ရပေသည်။ နိုင်ငံရေး ရည်မှန်းချက်မှာလည်း အာရက္ခပြည်သည် သီးခြား လွတ်မြောက်သည့် ပြည်အဖြစ် ထူထောင်ရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းလာနိုင်ရေးအတွက်လည်း အဓိက မောင်းနှင်ပေးနိုင်လိမ့်မည်ဟု ယူဆရပေသည်။ တပ်မှူးချုပ် ထွန်းမြတ်နိုင်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၆) ရက်တွင် “ ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ နှစ် (၃၀) ပြည့် ငြိမ်းချမ်းရေး အခမ်းအနားကို တက်ရောက်ခဲ့ချိန်တွင် “ ကျနော်တို့မှာ ဝ, ထက် မညံ့တဲ့ နိုင်ငံရေး ရည်မှန်းချက် ရှိပါတယ်” ဆိုပြီး  Frontier သတင်းထောက် မြတ်ကျော်သူ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။ ဝ, ပြည်နယ်သည် Confederate, confederation စနစ်ဖြင့် အုပ်ချုပ်နေသည့် ပြည်နယ်တခု ဖြစ်သည်။ တပ်မှူးချုပ် ပြောဆိုသည့် ဝ, ထက် မညံ့သည့် နိုင်ငံရေး ရည်မှန်းချက် ဆိုသည်မှာလည်း ကွန်ဖက်ဒရိတ် စနစ်ထက် မညံ့သည့် နိုင်ငံရေးစနစ်တခုကို မျှော်မှန်း ပြောဆိုထားခြင်း ဖြစ်သည်။ ယင်းကို နိုင်ငံရေး လေ့လာသုံးသပ် တချို့က AA သည် သီးခြား လွတ်မြောက်သည့် ​ပြည်ကို လိုလားနေခြင်းဟု ပြောဆိုခဲ့ကြသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည်လည်း “ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) သည် အတိတ်သမိုင်းမှာ ထင်ရှားခဲ့သည့် ရက္ခိုင်ဘုရင့်နိုင်ငံတော် ပြန်လည် ပေါ်ပေါက်လာနိုင်ရေးအတွက်၊ ရက္ခိုင်ပြည် (အာရက္ခပြည်) လွတ်မြောက်ရေးအတွက် (သို့မဟုတ်) ရက္ခိုင်ပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ဆောင်ရွက်နေပါတယ်” ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ထုတ်ဖော်​ ပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်သည် ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဆိုကာ နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့ရှိ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာ့တပ်မတော်ကို တရားစွဲဆို ထားခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်တွင် မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် လျှောက်လဲ (ချေပ) ရာတွင် ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို “ မည်သည့် နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်ကြည့်ပါ။ ရက္ခိုင်တွေအနေနဲ့ ရက္ခိုင်နိုင်ငံတော်ကို မျှော်လင့်တယ်ဆိုတာ​ကတော့ တရားတယ်လို့ ယူဆတယ်။

ဖိနှိပ်ခံနေရတဲ့ လူမျိုးအနေနဲ့ ဖိနှိပ်နေတဲ့ အစိုးရကို တော်လှန် တိုက်ထုတ်တယ် ဆိုတာကလည်း ကမ္ဘာ့နိယာမ ဖြစ်တယ်။ မတော်လှန်စေချင်ရင် မဖိနှိပ်ကြနဲ့လေ” ဆိုပြီး ဦးခိုင်သုခက RFA တွင် တုံ့ပြန် ပြောဆိုခဲ့သည်။ စင်စစ်သော် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့စင်မြင့်ပေါ်တွင် AA ကို လူဆိုးစာရင်း ဆွဲသွင်းခံရအောင် မျက်ရည်ချူပြကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့စင်မြင့်ပေါ်တွင် ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် ရက္ခိုင်တမျိုးသားလုံး၏ လိုလား တောင်းတနေကြသည့် အာရက္ခနိုင်ငံတော် အိပ်မက်ကို တရားဝင် အသိပေးကာ သိဒ္ဓိ တင်ပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။ ပေါ်ပေါက်လာမည့် အာရက္ခနိုင်ငံတော်သစ်ကိုလည်း ကမ္ဘာ့စင်မြင့်ပေါ်တွင် နိမိတ်ဖတ်ကာ တရားဝင် မိတ်ဆက်ပေးခဲ့သလိုမျိုး ဖြစ်သွားခဲ့ရသည်။ 

၂၀၂၂ ခုနှစ်၊ ဧပြီလ (၅) ရက်၊ ULA/AA ၏ ဒုတိယအကြိမ်မြော​က် သတင်းစာ ရှင်းလင်းပွဲတွင်လည်း “ ကျနော်တို့ လိုလားသော နိုင်ငံရေး အခွင့်အရေးမျိုး ပြည်ထောင်စုတွင် နေရာမရှိပါ​က နိုင်ငံတကာနှင့် ပူးပေါင်းပြီး ရက္ခိုင်အမျိုးသား နိုင်ငံတော်ကို တည်ဆောက်သွားမယ်” ဆိုပြီး သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ထုတ်ဖော် ပြောဆိုခဲ့သည်။ “ ကျနော်တို့ လိုလားသော နိုင်ငံရေး အခွင့်အရေးမျိုး” ဆိုသည်မှာ တပ်မှူးချုပ် ထွန်းမြတ်နိုင် ထုတ်ဖော် ပြောဆိုထားသည့် “ ဝ, ပြည်ထက် မညံ့သော Confederate” စနစ်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ဤသည်ကို ထောက်ဆသောအားဖြင့် ULA/AA ၏ အမြင့်ဆုံးသော ရည်မှန်းချက်မှာ ရက္ခိုင်အမျိုးသားနိုင်ငံတော် (အာရက္ခနိုင်ငံတော်) ထူထောင်လိုခြင်းဟု ကောက်ချက်ချ ပြောဆိုနိုင်မည် ဖြစ်သည်။ တပ်မှူးချုပ်သည်လည်း “ ရက္ခိုင်ပြည် လွတ်မြောက်ပါက Social Democracy စနစ်နဲ့ အုပ်ချုပ်မယ်။ Welfare State ရက္ခိုင်မှာ တည်ဆောက်မယ်” ဆိုပြီး အတိအလင်း ထုတ်ဖော် ပြောဆိုထားပြီးလည်း ဖြစ်သည်။ 

အာရက္ခပြည်အတွင်း ကျင်းပပြုလုပ်သည့် ပညာရေး ဆုပေးပွဲများ၊ သင်တန်းဖွ​င့်ပွဲများ၊ သင်တန်းဆင်းပွဲများနှင့် အထိမ်းအမှတ် ပွဲလမ်းသဘင်များတွင်လည်း အာရက္ခနိုင်ငံတော် တေးသီချင်းဖြင့် စတင် ဖွင့်လှစ်​ကာ သံပြိုင် သီဆိုလေ့ ရှိကြသည်။ တချို့သော ပညာရေး ကျောင်းများတွင် ဆိုပါကလည်း အာရက္ခနိုင်ငံတော် တေးသီချင်းကို သီဆိုကာ ဂါရဝပြုနေကြသည်။ ယင်းသို့ အာရက္ခနိုင်ငံတော် တေးသီချင်းကို သီဆိုခြင်းနှင့် ဂါရဝပြုခြင်းများသည် အတိတ်တချိန်က ကြီးကျယ်ခမ်းနားခဲ့သည့် ရက္ခိုင်ဘုရင့်နိုင်ငံတော်ကို လွမ်းဆွေး တမ်းတခြင်း ဖြစ်သလို ပြန်လည် တည်ဆောက်နေသည့် အာရက္ခပြည်အား အာရက္ခနိုင်ငံတော်အဖြစ် ဦးညွှတ် ဂါရဝပြု နေခြင်းဖြစ်သည်ဟုလည်း ရှုမြင် သုံးသပ်မိပါသတည်း။ ။

Related posts

လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကိုသာ အခြေခံတဲ့သမဂ္ဂဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

Rakhita Times

ဘူးသီးတောင် မောင်တောက ပြည်သူ ၅၀၀၀ ကို HDCO က လူသားချင်းစာနာ အကူအညီပေး

Rakhita Times

သက်ငယ်မုဒိန်းအမှုတွေကို ပြတ်ပြတ်သားသား အရေးယူပေးရန် ရက္ခိုင်ပြည်သူတွေ တောင်းဆို

Rakhita Times

64 comments

https://oiaedu.com မေ 23, 2026 at 11:38 မနက်

References:

Casino win

References:
https://oiaedu.com

Reply
apunto.it မေ 23, 2026 at 8:23 ညနေ

References:

Casino slots online apunto.it

Reply
bandori.party မေ 27, 2026 at 5:59 မနက်

References:

Pit river casino bandori.party

Reply
janiceogmn643125.qodsblog.com မေ 31, 2026 at 12:57 မနက်

References:

Casino san francisco janiceogmn643125.qodsblog.com

Reply
aryba.kg ဇွန် 2, 2026 at 1:36 မနက်

References:

Blackjack online for fun aryba.kg

Reply
oiaedu.com ဇွန် 2, 2026 at 10:14 မနက်

References:

Canadian casinos oiaedu.com

Reply
https://topsitenet.com/profile/bengalbead6/1836777/ ဇွန် 2, 2026 at 12:52 ညနေ

References:

River casino chicago https://topsitenet.com/profile/bengalbead6/1836777/

Reply
https://choate-kjeldsen.hubstack.net/ ဇွန် 2, 2026 at 5:34 ညနေ

References:

Oneida casino https://choate-kjeldsen.hubstack.net/

Reply
https://pikidi.com/ ဇွန် 2, 2026 at 5:37 ညနေ

References:

Turning stone casino https://pikidi.com/

Reply
https://tvoyaskala.com/user/systemlycra00/ ဇွန် 5, 2026 at 1:39 မနက်

References:

Las vegas online casino https://tvoyaskala.com/user/systemlycra00/

Reply
https://hackmd.okfn.de/ ဇွန် 5, 2026 at 2:45 မနက်

References:

Casino montreal https://hackmd.okfn.de/

Reply
hedgedoc.info.uqam.ca ဇွန် 5, 2026 at 11:29 မနက်

References:

Oaks casino towers brisbane hedgedoc.info.uqam.ca

Reply
http://amur.1gb.ua/user/furlocust45/ ဇွန် 5, 2026 at 10:45 ညနေ

References:

Blackjack and hookers http://amur.1gb.ua/user/furlocust45/

Reply
kriminal-ohlyad.com.ua ဇွန် 6, 2026 at 12:56 မနက်

References:

Casino di sanremo kriminal-ohlyad.com.ua

Reply
https://truckwiki.site ဇွန် 6, 2026 at 3:30 မနက်

References:

Casinobonus2 https://truckwiki.site

Reply
freudwiki.site ဇွန် 6, 2026 at 3:56 မနက်

References:

Seminole casino freudwiki.site

Reply
https://may22.ru/user/sunpotato73/ ဇွန် 6, 2026 at 4:02 မနက်

References:

Rt 66 casino https://may22.ru/user/sunpotato73/

Reply
commonwiki.space ဇွန် 6, 2026 at 8:16 မနက်

References:

La roulette commonwiki.space

Reply
pads.zapf.in ဇွန် 6, 2026 at 2:39 ညနေ

References:

Belterra casino pads.zapf.in

Reply
buyandsellhair.com ဇွန် 6, 2026 at 2:54 ညနေ

References:

Online sport betting buyandsellhair.com

Reply
https://earthwiki.space/ ဇွန် 6, 2026 at 3:43 ညနေ

References:

Jupiter casino gold coast https://earthwiki.space/

Reply
https://intensedebate.com ဇွန် 6, 2026 at 3:58 ညနေ

References:

No deposit roulette https://intensedebate.com

Reply
https://cooper-mcclure-4.technetbloggers.de ဇွန် 6, 2026 at 5:23 ညနေ Reply
https://doc.adminforge.de/ ဇွန် 6, 2026 at 7:04 ညနေ

References:

Best slot machines to play https://doc.adminforge.de/

Reply
king-bookmark.stream ဇွန် 6, 2026 at 7:32 ညနေ

References:

Palm casino king-bookmark.stream

Reply
https://truckwiki.site ဇွန် 6, 2026 at 9:55 ညနေ

References:

Casino new orleans https://truckwiki.site

Reply
https://topsitenet.com/profile/beltdoll1/1835983/ ဇွန် 7, 2026 at 12:57 မနက် Reply
https://www.investagrams.com ဇွန် 7, 2026 at 2:14 မနက်

References:

Hialeah casino https://www.investagrams.com

Reply
https://boardgameswiki.site/ ဇွန် 7, 2026 at 4:37 မနက်

References:

Valley view casino seating chart https://boardgameswiki.site/

Reply
https://classifieds.ocala-news.com ဇွန် 7, 2026 at 5:41 မနက်

References:

Grand casino tunica ms https://classifieds.ocala-news.com

Reply
https://bandori.party/user/1244899/peonycart7/ ဇွန် 20, 2026 at 9:55 ညနေ

References:

%random_anchor_text% https://bandori.party/user/1244899/peonycart7/

Reply
https://boss2.ru/ ဇွန် 20, 2026 at 11:03 ညနေ

References:

%random_anchor_text% https://boss2.ru/

Reply
https://hedgedoc.info.uqam.ca/s/Dq9HMMgV8 ဇွန် 21, 2026 at 10:15 မနက်

References:

%random_anchor_text% https://hedgedoc.info.uqam.ca/s/Dq9HMMgV8

Reply
csmouse.com ဇွန် 21, 2026 at 11:32 မနက်

References:

%random_anchor_text% csmouse.com

Reply
https://algowiki.win/ ဇွန် 21, 2026 at 12:46 ညနေ

References:

%random_anchor_text% https://algowiki.win/

Reply
bookmark-share.com ဇွန် 21, 2026 at 3:07 ညနေ

References:

Politia rutiera bookmark-share.com

Reply
www.3coup.com ဇွန် 22, 2026 at 6:22 မနက်

References:

Genting casino sheffield http://www.3coup.com

Reply
pod.tek.us ဇွန် 22, 2026 at 7:12 ညနေ

References:

Wind river casino pod.tek.us

Reply
https://hellomusic.app ဇွန် 23, 2026 at 4:49 မနက်

References:

Longhorn casino https://hellomusic.app

Reply
https://eventosgrupomedina.com/catering4a/ ဇွန် 24, 2026 at 2:34 မနက်

References:

Online casinos no download https://eventosgrupomedina.com/catering4a/

Reply
balancedhealthjourney.com ဇွန် 24, 2026 at 2:48 မနက်

References:

Cosmopolitan casino balancedhealthjourney.com

Reply
http://www.aionesight.com/ ဇွန် 24, 2026 at 7:12 ညနေ

References:

Slot machine winners http://www.aionesight.com/

Reply
app.venusroyale.date ဇွန် 25, 2026 at 6:24 မနက်

References:

Newcastle casino app.venusroyale.date

Reply
https://bookmarkdaily.space ဇွန် 25, 2026 at 9:14 မနက်

References:

Legiano Casino Live Chat https://bookmarkdaily.space

Reply
https://datemyfamily.tv ဇွန် 25, 2026 at 10:04 မနက်

References:

Ringmaster casino https://datemyfamily.tv

Reply
https://video.streamindy.com ဇွန် 25, 2026 at 7:51 ညနေ

References:

Best slots to play https://video.streamindy.com

Reply
forum.exciteme.ca ဇွန် 26, 2026 at 2:30 ညနေ

References:

Legiano Casino Kundenservice forum.exciteme.ca

Reply
https://freshtube.net/ ဇွန် 26, 2026 at 11:06 ညနေ

References:

Legiano Casino VIP https://freshtube.net/

Reply
https://kidstv.freearnings.com ဇွန် 27, 2026 at 5:57 မနက်

References:

Legiano Casino 2026 https://kidstv.freearnings.com

Reply
https://date.ainfinity.com.br/ ဇွန် 27, 2026 at 11:23 မနက်

References:

Legiano Casino No Deposit Bonus https://date.ainfinity.com.br/

Reply
buzzafricanmusic.com ဇွန် 27, 2026 at 4:38 ညနေ

References:

Legiano Casino Zahlungsmethoden buzzafricanmusic.com

Reply
heywhatsgoodnow.com ဇွန် 27, 2026 at 4:39 ညနေ

References:

Legiano Casino Live Casino heywhatsgoodnow.com

Reply

Leave a Comment