NewsPolitic

ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲ (Breaking News)

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

“အခုထိ ခေါင်းပေါ်မှာ ဝဲနေတုန်းပါ။ ကျတဲ့နေရာ အတိအကျတော့ မသိသေး” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မနက် ၇ နာရီခန့်မှာလည်း ရက္ခိုင်ပြည်၊ အဉ္စနပူရမြို့နယ်၊ စွန်ရဲကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင် အချက်အလက်များအရ သိရပါတယ်။

မနေ့က စက်တင်ဘာလ ၂၇ ရက်၊ မိုးလင်းဝအချိန်ကလည်း စစ်ကော်မရှင်လေတပ်ကနေ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားတာလည်း ရှိခဲ့ပါတယ်။

Related posts

အမ်းကို ရိက္ခာပို့မယ့် ကား၃စီးကို ခြုံခိုမိုင်းဆွဲ၊ စကစ ၉ ဦးသေ ရိက္ခာကား ၂ စီး ပျက်စီး

Rakhita Times

သံတွဲတွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်

Rakhita Times

၁၈ နှစ်အောက် လူငယ်တွေကို ကွမ်း၊ ဆေးလိပ် နဲ့ အရက် မရောင်းရန် AA တားမြစ်

Rakhita Times

Leave a Comment