အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
“အခုထိ ခေါင်းပေါ်မှာ ဝဲနေတုန်းပါ။ ကျတဲ့နေရာ အတိအကျတော့ မသိသေး” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့ မနက် ၇ နာရီခန့်မှာလည်း ရက္ခိုင်ပြည်၊ အဉ္စနပူရမြို့နယ်၊ စွန်ရဲကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင် အချက်အလက်များအရ သိရပါတယ်။
မနေ့က စက်တင်ဘာလ ၂၇ ရက်၊ မိုးလင်းဝအချိန်ကလည်း စစ်ကော်မရှင်လေတပ်ကနေ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားတာလည်း ရှိခဲ့ပါတယ်။
