EnvironmentNewsPolitic

ရက္ခိုင်ပြည်မှာ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခြင်းများ ဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၁၉ မေ ၂၀၂၆)

ရက္ခိုင်ပြည်မှာ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မတ်လ ၁၉ ရက်၊ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ရက္ခိုင်ပြည်အပါအဝင် ကချင်နဲ့ တနင်္သာရီတို့မှာ တိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေတယ်လို့ သိရပါတယ်။

အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း စတာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးဇလက အသိပေးထားပါတယ်။

ဒါ့အပြင် ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၅ ပေ ကနေ ၇ ပေခန့် ရှိနိုင်တယ်လိ့းလည်း ထုတ်ပြန်ထားပါတယ်။

“မုတ်သုံလေကို အားကောင်းစေမယ့် လေထုမငြိမ်သက်မှုတခု နောက် ၁၂ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လာနိုင်ပြီး မနက်ဖြန် (မေလ ၂၀) မနက် ၁၀နာရီအထိ ရက္ခိုင်ပြည်အတွက် ခန့်မှန်းချက်အရ ညနေပိုင်းမှာ နေရာကျဲကျဲ မိုးရွာသွန်းနိုင်တယ်” လို့ လေကြောင်းမိုးလေဝသ ဌာနမှူး ဦးဝေဖြိုးဟန်ကလည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ပုဏ္ဏားကျွန်းမြို့နယ်မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စစ်ရှောင်စခန်းများ ပျက်စီးခဲ့ပါတယ်။ဒါ့အပြင် မေလ ၂ရက်၊ နေ့လည် ၁၂ နာရီခန့်မှာလည်း ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာမှာ မိုးသက်လေပြင်းနဲ့အတူ မိုးသီးများ ကြွေကျခဲ့ဝာာကြောင့်နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

Related posts

ရက္ခိုင်တိုက်ပွဲရှောင်များ စားဆီမဝယ်နိုင်တဲ့အတွက် ရေနဲ့ပဲချက်စားနေရ

Rakhita Times

စစ်တွေ မကျစေရေး စကမက စစ်ကြောင်း ၃ ခုနဲ့ ခုခံနေ

Rakhita Times

ရက္ခိုင်ပြည်ကို ကာကွယ်ဖို့ AA ဘာတွေ ပြင်ဆင်နေလဲ

Rakhita Times

157 comments

Leave a Comment