EnvironmentNewsPolitic

နတ်ချောင်း သောက်ရေကန် တူးဖော်မှုကို HDCO လူအားလည်းကူ၊ ငွေ ၁၀ သိန်းလည်း လှူဒါန်း

အာရက္ခတိုင်းမ်စ် ( ၂၅ မေလ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်ရှိ နတ်ချောင်းရွာမှာ ကိုယ်ထူကိုယ်ထ သောက်ရေကန်တူးဖော်မှုဟာ ၁၀ ရက် အကြာမှာ ပြီးစီးခဲ့ပြီဖြစ်တယ်လို့ နတ်ချောင်းလူငယ်များအသင်း (Natchaung Youth Association – NYA) ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ် ဆိုပါတယ်။

အခု တူး‌ဖော်တာဟာ တတိယအကြိမ် တူးဖော်ခြင်းဖြစ်ပြီး သောက်ရေကန် တူးဖော်ခြင်းကို နတ်ချောင်းရွာ ရွာလုံးကျွတ်နီးပါး ပါဝင် ကူညီ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မေလ ၂၄ ရက်မှာလည်း Humanitarian and Development Coordination Office (HDCO) ဌာနက ထောက်ပံ့ အလှူငွေ ၁၀ သိန်းကျပ် လှူဒါန်းခဲ့သလို လုပ်အားပေး ကူညီခဲ့တယ်လို့လည်း သိရပါတယ်။

“မိုးရာသီ ရောက်လာတော့မှာမို့ ဒီညနေ တူးဖော်ပြီးရင် အဆုံးသတ် လိုက်ပါတော့မယ်။ ပြီးစီးပါပြီ။ ၁၀ ရက်မြောက် တူးဖော်လိုက်ရပါတယ်။ ဒီကြားထဲ မိုးရွာသွန်းလိုက်လို့ မိုးရေတွေကို ရေစုပ်နေရပါတယ်” လို့ အဆိုပါ အသင်းရဲ့ တာဝန်ခံ ဆရာတော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်အတွင်းရှိ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ အစရှိတဲ့ မြို့နယ်တွေမှာ နေအိမ် အ‌ဆောက်အဦတွေ ပျက်စီးခဲ့သလို လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ စကစရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယခင်က နတ်ချောင်းရွာမှာ သောက်သုံး‌ရေ ခမ်းခြောက်ခြင်း မရှိခဲ့ပေမယ့် မိုခါမုန်တိုင်း ပြီးနောက်မှာတော့ သောက်ရေကန်တွေဟာ ကျန်းမာရေးအရ သောက်သုံးရန် မသင့်တဲ့ အခြေနေတွေ ဖြစ်ပေါ်လာတာကြောင့် အခုလို သောက်ရေကန် တူးဖော်ကြရတာ ဖြစ်ပါတယ်။

Related posts

ပလက်ဝတွင် မီးလောင်လို့ နေအိမ် ၁၀ လုံး ပျက်စီး

Rakhita Times

တရုတ်သာ မြောက်ပိုင်း သုံးဖွဲ့နဲ့ PDF တို့ကို မဖြိုခွဲရင် စကမ အမြန်ကျဆုံးနိုင်

Rakhita Times

ရက္ခိုင်ရေဘေးအတွက် MTC/MDF သိန်း ၅၀ လှူဒါန်း

Rakhita Times

261 comments

Leave a Comment