NewsPolitic

တောင်မော်ကြီးရေတပ်စခန်းမကျစေရေး စစ်သင်္ဘော ၃ စီးနဲ့ အင်အားဖြည့် ခုခံနေ

အာရက္ခတိုင်းမ်စ် (၁၁ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်း မကျစေရေးအတွက် ရွေးတုအစိုးရက စစ်သင်္ဘော ၃ စီးနဲ့ စစ်အင်အား၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်းပြီး ခုခံနေတယ်လို့ သိရပါတယ်။

တောင်မော်ကြီးရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ စံပယ်ရှောင်ကုန်း၊‌ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနဲ့ ရေနံသူကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်အပြီးမှာ အခုလို ရွေးတုအစိုးရက အင်အား ဖြည့်နေတာလည်း ဖြစ်ပါတယ်။

“ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရွာဟောင်းတောင် ဗျူဟာကုန်းစခန်းကို AA က ဆက်လက် ထိုးစစ်ဆင်နေတယ်။ ရွာဟောင်းတောင်ကျရင် တော်မော်ကြီးလည်း ကျပြီလို့ ပြောလို့ရတဲ့ အနေအထားပဲ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တော်မော်ကြီးရေတပ်စခန်းကို စစ်တွေမြို့ကနေ ဇွန်လ ၈ ရက်က ရွေးတုအစိုးရတပ်ကနေ စစ်သင်္ဘော ၃ စီးနဲ့အတူ တပ်သား အင်အား ၃၀၀ ကျော် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ အရင်က စစ်တပ်က ထိုးစစ်ဆင်တာ၊ အခုက အထိနာနေတော့ အတွင်းကနေပဲ ခံစစ်နဲ့ ခုခံနေတာ။ သူတို့က အားသာတာက ဒရုန်းပေါ့။ ဒရုန်းကတော့ တောက်လျောက်ကို အပေါ်မှာ ဝဲနေတာပဲ။ ကံကောင်းတာက မိုးကောင်းနေတော့ ဒရုန်ကိုလည်း သူတို့ အမြဲ သုံးလို့ မရဘူးလေ။ ရက္ခိုင်မိုးက သိတဲ့အတိုင်းပဲ။ ရက္ခိုင်တွေပဲ ဒီဒဏ်ကို ခံနိုင်တာ။ တခြားလူတွေ ဒဏ်ခံနိုင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးတပ်တို့ တိုက်ပွဲတွေကြောင့် အဲဒီအနီးတဝိုက်က ကျေးရွာပေါင်း ၂၀ ခန့်က ရွာသား ၇၀၀၀ ခန့်ဟာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးတပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် မရောက်

Rakhita Times

AA က သိမ်းပိုက်မြို့တွေကို ခိုင်မာအောင်လုပ်နိုင်ရင် အခြေခံဒေသအဖြစ် တည်ဆောက်နိုင်မယ်

Rakhita Times

အာရက္ခတပ်တော်နေ့ အထိမ်းအမှတ် ကာယဗလမောင် နဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပ

Rakhita Times

Leave a Comment