အာရက္ခတိုင်းမ်စ် (၂ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စိုင်ဟာခရိုင်က မီဇိုရမ်လုပ်ငန်းသုံးယာဉ်ပိုင်ရှင်များအသင်း (MCVOA) တို့ နားလည်မှုစာချွန်လွှာ (MoU) ကို အောက်တိုဘာ ၂၉ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ပိုကောင်းလာဖို့နဲ့ ကုန်စည်စီးဆင်းမှု စနစ်ကျဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဆိုပါတယ်။
စိုင်ဟာမြို့ သတင်းစာကလပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ အတားအဆီး၊ နားလည်မှုလွဲမှားမှုတွေကို ညှိနှိုင်းဖြေရှင်းရေးကို နှစ်ဖက်စလုံး သဘောတူခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်ဂိတ်တွေကို နေ့စဉ် ည ၈ နာရီအထိ ပုံမှန်ဖွင့်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
စိုင်ဟာခရိုင်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြစ်တစ်ဖက်တစ်ချက်က မြန်မာဘက်က ရာလီနဲ့ ဆလချွာကျေးရွာတွေမှာ ယာဉ်နဲ့ လှေငှားရမ်းခ နှုန်းထားတွေကို မျှတတဲ့ တစ်ပြေးညီ နှုန်းထားတွေအဖြစ် သတ်မှတ်နိုင်ရေးကိုလည်း နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တာပါ။
စက်တင်ဘာလအတွင်း အိန္ဒိယဘက်ခြမ်းက မာရာလူငယ်အဖွဲ့ (MTP) နဲ့ နားလည်မှုလွဲမှားမှုတွေ ဖြစ်ခဲ့လို့ နယ်စပ်ဂိတ်တွေ ခေတ္တပိတ်ပင်ခံခဲ့ရပေမယ့် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
Ref – times of india
