NewsPolitic

ရွေးတုအစိုးရက ရက္ခိုင်နယ်စပ်တွေကို ထိန်းချုပ်ချင်ပေမယ့် တပ်ပျက်၊ ထွက်ပြေးမှုတွေနဲ့သာ ကြုံနေရ

အာရက္ခတိုင်းမ်စ် (၁၃ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် နယ်စပ် ထွက်ပေါက်ဝင်ပေါက်အားလုံးကို ရွေးတုအစိုးရက အလုံးစုံ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေပေမယ့် ရွေးတုအစိုးရတပ်တွေဟာ တပ်ပျက်ခြင်း၊ တပ်သားများ ထွက်ပြေးခြင်းတွေနဲ့သာ ကြုံတွေ့နေရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

“ စစ်တပ်ရဲ့ အဓိကပြဿနာက ဘာလဲဆိုတော့ သန္ဓေစစ်သားလို့ ခေါ်တဲ့ စစ်သားအရေအတွက်က တော်တော်လေးကို နည်းလာပြီ။ သူတို့ အားကိုးပြီး လွှတ်နေတာကို စစ်မှုထမ်းဆင်း တပ်သားတွေဖြစ်နေတယ်။ အတွေ့အကြုံ မရှိဘူး။ တိုက်လိုစိတ် မရှိဘူး။ အခွင့်အရေးရရင် ပြေးမယ်ဆိုတဲ့ စိတ်ပဲ ရှိနေတာလေ။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ပြေးဖို့ချောင်းနေကျပြီ။ အဲတော့ တပ်ပျက်တာပေါ့” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းဆင်းတပ်သားတွေ ထွက်ပြေးအလင်းဝင်တာတွေရှိသလို သန္ဓေစစ်သားတွေဖြစ်တဲ့ ဒုစိတ်မှူး အဆင့်ရှိသူတွေပါ ထွက်ပြေးအလင်းဝင်တာတွေလည်း ရှိနေတာပါ။

ဇွန်လ ၈ ရက်ကလည်း ရွေးတုအစိုးရတပ် ဆုံကုန်းအခြေစိုက် မစက ၉ (အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) စကခ ၅ လက်အောက်ခံ ခမရ ၅၆၂ (ဂွ) က ဒုတပ်စိတ်မှူး အောင်မင်းဦး (ပစ – ၁၈၀၂၂၃) ဟာ MA-2 သေနတ် (၁) လက်၊ MA-3 (၁) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ ကျည် (၃၂၈)တောင့်၊ ကျည်အိမ် (၇) ခုနဲ့ ကျည်ကာ (၁) ခုတို့ကို ယူဆောင်ပြီး မင်းဘူးခရိုင် အမှတ် (၈)တပ်ရင်းကို အလင်းဝင်ရောက်ခဲ့ပါတယ်။

“ အခုဆို မင်းတုန်းဖက်မှာလည်း စစ်တပ်က တပ်ဖြန့်လှုပ်ရှားတာတွေ သိပ်မတွေ့ရတော့ဘူး။ နယ်မြေထိန်းဖို့အတွက် လမ်းကြောင်းပိတ်ဆို့ရေးလုပ်ဖို့ ယာယီအခြေကုပ်စခန်းကနေ အခိုင်အမာ ခြေကုပ်စခန်း ဖြစ်အောင် လုပ်နေတာတွေ တွေ့နေရတယ်။ အဲဒီစခန်းတွေဖြစ်မလာအောင် AA နဲ့ မဟာမိတ်တွေက တန်ပြန် ထိုးစစ်ဆင်တွေ ရှိနေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိ စစ်မှုထမ်း သင်တန်း အပတ်စဉ် (၂၄) ထိ ဖွင့်လှစ်ခဲ့ပြီး လူဦးရေ ၁၂၀,၀၀၀ နီးပါး စစ်မှုထမ်းခိုင်းထားတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်နယ်စပ်တွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူး နဲ့ မကွေးတိုင်းတွေမှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

Related posts

တရက်အတွင်း ရက္ခိုင် ၅ မြို့နယ်က ပြည်သူ ၈ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရစေခဲ့တဲ့ စကမရဲ့ သူရဲဘောကြောင်တဲ့လုပ်ရပ်ကို AA ရှုတ်ချ

Rakhita Times

တရုတ်သာ မြောက်ပိုင်း သုံးဖွဲ့နဲ့ PDF တို့ကို မဖြိုခွဲရင် စကမ အမြန်ကျဆုံးနိုင်

Rakhita Times

ရက္ခိုင်ပြင်ပ ထွက်ဖို့ ကြိုးစားနေသူတွေကို တားမြစ်ရတာ စစ်ကောင်စီရဲ့ အန္တရာယ်က လွတ်မြောက်ရန်လို့ AA ထုတ်ပြန်

Rakhita Times

5 comments

https://kitzbuhel-casino.online-spielhallen.de/ ဇွန် 15, 2026 at 6:43 ညနေ

References:

Online betting offers https://kitzbuhel-casino.online-spielhallen.de/

Reply
online casino zahlungsmethoden ဇွန် 16, 2026 at 8:58 ညနေ

References:

Rex Casino Seriös online casino zahlungsmethoden

Reply
https://onlysales.fr ဇွန် 17, 2026 at 2:23 မနက်

References:

Cairns casino https://onlysales.fr

Reply
theangel.fr ဇွန် 17, 2026 at 10:33 မနက်

References:

Casinos oklahoma theangel.fr

Reply

Leave a Comment