NewsPolitic

ရေကြည်တွင် AA နဲ့ တိုက်ခိုက်နေတဲ့ ရွေးတုအစိုးရတပ်သားတွေအတွက် အရပ်သားတွေဆီက ရိက္ခာဖိုး အတင်းအဓမ္မ ငွေကြေးကောက်ခံနေ

အာရက္ခတိုင်းမ်စ် (၁၃ ဇွန် ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရွေးတုအစိုးရခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဒေသခံပြည်သူတွေဆီကနေ ရိက္ခအတွက် ငွေကြေးတွေကို အတင်းအဓမ္မ ကောက်ခံနေတယ်လို့ သိရပါတယ်။

“ရပ်/ကျေးမှူးတွေကပြောတာတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတပ်မတော်သားတွေအတွက် ရိက္ခာဖိုးဆိုပြီး ၁ အိမ်ကို ၂ သောင်း ကောက်တယ်။ ငွေမရှိရင် ဆန်ပေးဆိုပြီးလည်း တောင်းတယ်။ မရှိဘူးဆိုလည်း ထည့်ရမယ်တဲ့၊ မထည့်မနေရတဲ့” လို့ ရေကြည်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရ ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်မှုထမ်းဆင်းတပ်သားတွေဟာ ဇွန်လ ၁၀ ရက်ကစတင်ပြီး ရေကြည်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ၁ အိမ်လျင် ငွေကျပ် ၂ သောင်း အတင်းအဓမ္မကောက်ခံနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွေးတုအစိုးရခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရိက္ခာဖိုး ကောက်ခံခဲ့ရတဲ့ ကျေးရွာတွေကတော့ ရေကြည်မြို့နယ်ထဲက ညောင်စု၊ သစ်ဖြူ၊ ဆီဆုံကုန်း၊ ငှက်သိုက်၊ မြတ်တို၊ ယမင်းကူ၊ မအူကန် နဲ့ သီတာကုန်းပြင် စတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အမှတ် ၃၄၄ အမြောက်တပ်ရင်းတဝိုက်မှာတော့ အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

အမြောက်တပ် အမတ ၃၄၄ နဲ့ နယ်မြေဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ် စတဲ့ကျေးရွာတွေကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Related posts

သစ္စာဖောက်တယောက်ပေါ်ရုံနဲ့ တော်လှန်ရေး ဘာမှမဖြစ်

Rakhita Times

တရုတ်က မြန်မာ့ငြိမ်းချမ်းရေးကို BRI ကြောင့် လုပ်ဆောင်နေခြင်းဖြစ်

Rakhita Times

ကျောက်ကလေရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၃ ဦး အထိ ရှိလာ

Rakhita Times

Leave a Comment