EnvironmentNewsPolitic

ရက္ခိုင်ကမ်းရိုးတန်းတလျောက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း အန္တရာယ် မြင့်မားနေ

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ရက္ခိုင်ကမ်းရိုးတန်းတလျောက်တွင် လျှပ်တပြတ် ရေကြီးခြင်း၊ မြေပြိုခြင်း အန္တရာယ် မြင့်မားနေတယ်လို့ သိရပါတယ်။

“ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ အပါအဝင် ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ချင်းတောင်တန်းဒေသများတွင် လျှပ်တပြတ် ရေကြီးခြင်း (Flash Floods) နဲ့ မြေပြိုခြင်း (Landslides) အန္တရာယ်များ မြင့်မားစွာ ရှိနေပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

ဇွန်လ ၁၅ ရက် ညပိုင်းက စတင်ပြီး အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် အားကောင်းနေပြီး လေစီးကြောင်းဟာ ရက္ခိုင်ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းကို အရှိန်အဟုန်နဲ့ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ဇွန်လ ၁၇ ရက်မှာတော့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ကပ်လျက် ရက္ခိုင်မြောက်ပိုင်း ကမ်းလွန်တွင် လေစီးကြောင်းဟာ နာရီလက်တံ ပြောင်းပြန်အတိုင်း လက်ဝဲရစ် စတင် လည်ပတ်လာပြီး လေပွေလှိုင်း (UACC) အသွင် စတင် စုစည်းလာတာကို တွေ့ရပါတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ဇွန်လ ၁၈ ရက်ကနေ ၂၀ ရက်အတွင်း ရက္ခိုင်ကမ်းလွန်နဲ့ မြစ်ဝကျွန်းပေါ် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင်ဘက်ကနေ တိုက်ခတ်တဲ့ မုတ်သုံလေပြင်းများ ကျရောက်နိုင်ပြီး လေတိုက်နှုန်ဟာ ပျမ်းမျှ ၃၀ ကနေ ၄၀ mph (တခါတရံ ၄၅ mph – ၇၂.၄ km/h အထိ) ရှိနိုင်ပါတယ်။ လှိုင်းအခြေအနေမှာ ပင်လယ်ပြင်တွင် လှိုင်းကြီးခြင်းကနေ လှိုင်းအလွန် ကြီးခြင်းအထိ ဖြစ်ပေါ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေ ကနေ ၁၃ ပေ ခန့်အထိ ရှိလာနိုင်လို့ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောလိုင်းများ အထူးသတိပြု ဆင်ခြင်ရန် လိုအပ်ပါတယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။

အထက်ပါ လေပွေလှိုင်း ဖြစ်ပေါ်မှုကြောင့် မြန်မာနိုင်ငံတွင် ဇွန်လ ၁၇ ရက်ကနေ ၂၂ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ရေကြီးရေလျှံမှု အန္တရာယ် အဓိက သက်ရောက်မယ့် ဒေသတွေကတော့ ရက္ခိုင်ပြည် အထူးသဖြင့် မြောက်ပိုင်းဒေသများ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နဲ့ ကချင်ပြည်နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

စစ်ကောင်စီက ကျောက်တော်မြို့ကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦးသေဆုံး၊ ၇ ဦးခန့် ဒဏ်ရာရ

Rakhita Times

‎စစ်တွေက ကုန်စည်တွေ မြို့ပေါ်မရောက်ဘဲ မွတ်ဆလင်ရွာတွေမှာ ပျောက်ဆုံး

Rakhita Times

တောင်ကုတ်မြို့မှာ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် မြို့မဈေး ပျက်စီး

Rakhita Times

Leave a Comment