NewsPolitic

ကူတောင် ခရီးသည်ဘုတ် နစ်မြုပ်မှုတွင် ပျောက်ဆုံးနေသူများလည်း ရှိနေ

အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်၊ (မိုးစဲကျွန်း)ကူတောင်ကျေးရွာက ခရီးသည်တင်ဘုတ် နစ်မြုပ်မှုအတွင်း သေဆုံးသူတွေအပြင် ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။

ယနေ့ (ဇွန် ၁၅ ရက်) နံနက်ပိုင်းက ကူတောင်ရွာကနေ ကျောက်တော်မြို့သို့ စျေးသွားဝယ်တဲ့ ခရီးသည်တင် ဘုတ်တစ်စီးဟာ ဒီကနေ့ (ဇွန် ၁၅) နေ့လယ်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင် ကြိုးတံတားအနီး စမ်းပတီးချောင်းထဲမှာ နစ်မြုပ်မှု ဖြစ်သွားခဲ့ပါတယ်။

အဆိုပါ ခရီးသည်တင်ဘုတ်ပေါ်တွင် ခရီးသည် (၃၅) လိုက်ပါစီးနင်းလာပြီး အများစုမှာ အသက်ရှင်ခဲ့ကြပြီး သေဆုံးသူများနဲ့ ပျောက်ဆုံးနေသူများလည်း ရှိတယ်လို့ ကူတောင်ကျေးရွာသားတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

‘’ ခရီးသည် ၃၅ ဦးပါသွားတယ်။ လောလောဆယ် အလောင်းရရှိထားသူတွေလည်း ရှိတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်။ ဆေးရုံမှာ ဆေးကုသခံယူနေသူတွေလည်း ရှိပါတယ်’’ လို့ ဆိုပါတယ်။

အဆိုပါ စက်လှေဟာ စမ်းပတီးချောင်းအတွင်း တောင်ကျရေ တိုက်စားပြင်းထန်မှုကြောင့် ကျောက်ဆောင်နဲ့ တိုက်မိကာ တိမ်းမှောက်သွားတာလို့ သိရှိရပါတယ်။

လက်ရှိ ရှာဖွေတွေ့ရှိထားသူတွေရဲ့ စာရင်းတွေကတော့ ဦးခင်မောင်၊ ပြူးတောင်၊ အမှုံချေ၊ ဘုဘုချေ၊ ရီးရီဆန်းတို့ အလောင်းတွေကို ရှာဖွယ် တွေ့ရှိထားပြီး မောင်အေးလှိုင်၊ သိန်းကျော့ဝေ၊ ကျားဘို အပါအဝင် နောက်ထပ် ပျောက်ဆုံးနေသူ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

Related posts

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သေး

Rakhita Times

ဆင်လန်တောင်အနီးတွင် စကမ က လက်နက်ကြီးစခန်း အခိုင်အမာတည်ဆောက်နေ

Rakhita Times

ယာဉ်မတော်တဆမှု အများဆုံးဖြစ်တဲ့ မင်းပြားတွင် ယာဉ်အန္တရာယ်ကင်းစင်ရေး DLEPS လုပ်ဆောင်နေ

Rakhita Times

Leave a Comment