EnvironmentNewsPolitic

အပင်စိုက်ပြီး အပင်ဖြစ်လာအောင် နောက်ဆက်တွဲ ဂရုစိုက်ဖို့ “ စိမ်းလန်းစီ” တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၆)

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးကို ရည်ရွယ်ပြီး ရက္ခိုင်ပြည်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုများပြုလုပ်နေပြီး သစ်ပင်စိုက်ပြီးနောက်မှာလည်း သစ်ပင်တစ်ပင်ဖြစ်လာအောင် နောက်ဆက်တွဲကိုလည်း ဂရုစိုက်ပေးဖို့ “ စိမ်းလန်းစီ” အဖွဲ့က တိုက်တွန်းလိုက်ပါတယ်၊

“ စိုက်ပျိုးသူတွေအနေနဲ့ ကိုယ်တို့စိုက်ခဲ့တဲ့ အပင်လေးတွေကို အရေးတစိုက် ပေါင်းနုတ်ပေးဖို့၊ မိုးနည်းတဲ့ကာလတွေမှာ ရေရအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ တသက်ပျော်ချင် အပင်စိုက် စကားလို ကိုယ်စိုက်တဲ့ အပင်လေးတွေ ရှင်သန်ပြီး အရိပ်ရပါစေ၊ အပွင့်လှတယ်ဆိုတဲ့ ခံစားချက်က စိုက်ပျိုးသူတစ်ယောက်အတွက် တန်ဖိုးရှိပြီး ပီတိဖြစ်ရပါတယ်။ အပင်တွေ စိုက်ပြီးရင်လည်း အပင်လေးတွေ ရှင်သန်အောင်လို့ နောက်ဆက်တွဲ အရေးစိုက်ပေးဖို့ “ စိမ်းလန်းစီ” က တိုက်တွန်းပါတယ်။ Green Arakkha ဆိုတဲ့အတိုင်း အနာဂတ် အာရက္ခပြည်ကို စိမ်းစိမ်းစိုစိုနဲ့ လှပစေချင်ပါတယ်” လို့ “ စိမ်းလန်းစီ” အဖွဲ့ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ စိမ်းလန်းစီ” အဖွဲ့ကို ၂၀၂၂ ခုနှစ်က စတင်ကာ ရက္ခိုင်ပြည်တဝှမ်း သဘာဝပတ်ဝန်းကျင်အတွက် အပင်စိုက်ကြဖို့ ရည်ရွယ်ချက်နဲ့ လူငယ်တွေနဲ့ စပြီး တည်ထောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ကနဦးအနေနဲ့ ပျိုးပင်တွေကို နီးစပ်ရာကနေ ဝယ်ယူပြီး စိုက်ခဲ့ကြကာ online ကတဆင့် ကမ်ပိန်းတွေပြုလုပ်ပြီး သစ်ပင်တွေ စိုက်ခဲ့ကြတာလို့လည်း သိရပါတယ်။ ထို့နောက်မှာတော့ အပင်တွေကို ဝယ်ပြီးစိုက်မယ့်အစား ကိုယ်ပိုင်ပျိုးခြံ ကိုယ်ဒေသမျိုးစိတ်တွေ စိုက်ပျိုးပြီး အများပြည်သူကိုလည်း ပြန်လည်မျှပေးကာ တချို့ကို ရန်ပုံငွေအတွက် ရောင်းချရန်အတွက် “ စိမ်းလန်းစီ” ပျိုးခြံကို စတင်ခဲ့တာလို့လည်း သိရပါတယ်။

“ လူတိုင်းက အပင်စိုက်ဖို့ဆိုရင် စိတ်ဝင်တစားနဲ့ ပါဝင်ကြပါတယ်။ သို့သော် အပင်ဆိုတာက စိုက်ပြီး ပြီးပြီလို့ သဘောထားလို့ မရပါဘူး။ စိုက်ပျိုးပြီးရင် ထိန်းသိမ်းခြင်းအလုပ်ကိုလည်း တပြိုင်တည်း လုပ်ဆောင်ပေးရပါတယ်။ ကိုယ်တို့ဒေသမှာက ကျွဲ နွား ဆိတ်တွေကို လွှတ်ကျောင်းစနစ်နဲ့ မွေးကြလို့ အပင်စိုက်ပျိုးသူတွေအတွက် ဒီကိစ္စကလည်း အရေးတကြီး စဉ်းစားရပါတယ်။ ခြံကာပြီးစိုက်ထားရင်တောင် ကျွဲ နွားလို အကောင်ကြီးတွေက တိုးသွားရင် ပျက်စီးနိုင်လို့ ကျွဲ နွားတွေကို လွှတ်ကျောင်းစနစ်မဟုတ်ဘဲ စားကျက်မှာ ကျောင်းဖို့ ပိုင်ရှင်တွေကို အသိပီး သတိပေးဖို့လည်း လိုအပ်ပါတယ်” လို့ “ စိမ်းလန်းစီ” အဖွဲ့ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ စိမ်းလန်းစီ’ အဖွဲ့အနေနဲ့ မိုခါမုန်တိုင်းအပါအဝင် နယ်မြေမတည်ငြိမ်တွေကြောင့် ထင်ထားသရောက် ခရီးမပေါက်နိုင်ခဲ့ပေမယ့် “ စိမ်းလန်းစီ” အဖွဲ့အနေနဲ့လက်မလျော့ဘဲ ပုံမှန် အလုပ်လုပ်လို့ ရှိနေပြီး ရန်ပုံငွေရှာကာ ခြံလေးတစ်ခြံကနေ အာရက္ခတစ်ပြည်လုံး စိမ်းလန်းစေဖို့ ရည်ရွယ်ချက်နဲ့ တစိုက်မတ်မတ်နဲ့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ – စိမ်းလန်းစီ (ပုံဟောင်း)

Related posts

ရက္ခိုင်ကို သယ်ဆောင်လာတဲ့ ဘိလပ်မြေအိတ် ၉၀၀ နဲ့ ကုန်သည် ၁၄ ဦးကို BCG ထပ်မံဖမ်းဆီး

Rakhita Times

ရွေးတုအစိုးရက ရက္ခိုင်နယ်စပ်တွေကို ထိန်းချုပ်ချင်ပေမယ့် တပ်ပျက်၊ ထွက်ပြေးမှုတွေနဲ့သာ ကြုံနေရ

Rakhita Times

စစ်တွေက နှင်ထုတ်ထားတဲ့ တချို့ရွာတွေကို ပြန်နေခိုင်းမယ်လို့ သတင်းထွက်နေ

Rakhita Times

4 comments

actv.1tv.hk ဇွန် 24, 2026 at 10:38 ညနေ

References:

Bovada mobile casino actv.1tv.hk

Reply
1win_vcsr ဇွန် 24, 2026 at 11:18 ညနေ

1win tranzactie anulata https://1win04957.help

Reply
casualtipp.com ဇွန် 25, 2026 at 2:01 မနက်

References:

Europa casino casualtipp.com

Reply

Leave a Comment