NewsPolitic

မင်းတုန်းတွင် AA ကို စစ်ကြောင်းထိုးမရလို့ ရွေးတုအစိုးရ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၂၈ ဇွန် ၂၀၂၆)

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်ကနေ အာရက္ခတပ်တော် ထိန်းချုပ်ရာ ရက္ခိုင်ရိုးမဖက်ကို မြေပြင်ကနေ စစ်ကြောင်းထိုးမရလို့ ရွေးတုအစိုးရတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ဒီလ ၂၁ ရက်က ထပ်ထိုးတယ်လေ။ တပ်တော်က ဒရုန်းတွေနဲ့ တိုက်ခိုက်လိုက်တာ အကျအဆုံးများပြီး ပြန်ဆုတ်လာကြတယ်။ အဲနေ့ကစပြီး ပြန်ပြီးတော့ စစ်ကြောင်းမထိုးတော့ဘဲနဲ့ ဂျက်ဖိုက်တာတွေ Y-12 တွေ သုံးပြီးတော့ နေ့တိုင်း ဗုံးလာကြဲနေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ သရက်အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နဲ့ လပခ လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား ၁ ထောင်ကျော်ဟာ ဧပြီလ ၁၈ ရက်က စတင်ပြီး မကွေးတိုင်း သရက်-မင်းတုန်း လမ်းကနေ စတင် ဝင်ရောက်လာပြီး အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေတွေကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

“အခုတော့ တော်တော်လေး အထိနာထားတော့ သူတို့ နဂိုက တပ်စွဲထားတဲ့ ပြောင်း၊ ထန်းပင်ကုန်း၊ ဖြူကန် နဲ့ ကျွဲဒွန် စတဲ့ ရွာတွေမှာပဲ ဆေးကုရင်း တပ်စါဲထားတယ်။ စစ်ကြောင်းတော့ မထိုးတော့ဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ရက္ခိုင်နယ်စပ်ကို စစ်ကြောင်းထိုးလာတဲ့ ရွေးတုအစိုးရ စစ်ကြောင်းနဲ့ ဇွန်လ ၁ ရက်ထိ တိုက်ပွဲ ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရတပ်ဖက်က အလောင်း ၂၀ ကျော်ရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။

သရက်မြို့နယ် အခြေစိုက် အမှတ် ၄၄ ခြေလျင်တပ်ရင်း၊ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊ မကွေးမြို့နယ် အခြေစိုက် တပ်မ ၈၈ နဲ့ ပြည်မြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေနဲ့ ရက္ခိုင်ရိုးမအခြေကို စစ်ကြောင်းထိုးနေတာလို့လည်း သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။

Related posts

ကျောက်တော်ကို ရွေးတုအစိုးရ ဗုံးကြဲနေ(Breaking News)

Rakhita Times

စစ်ကောင်စီရဲ့ မိုင်းကြောင့် ထိခိုက်သူ နေ့စဉ်ရှိနေ

Rakhita Times

စကမရဲ့ဗုံးကြဲတိုက်ခိုက်မှုကို PLA ကန့်ကွက်

Rakhita Times

168 comments

Leave a Comment