NewsPolitic

ကျောက်တော်ကို ရွေးတုအစိုးရ ဗုံးကြဲနေ(Breaking News)

အာရက္ခတိုင်းမ်စ် (၂၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို ဒီကနေ့ နေ့လည်း၂ နာရီကျော်က ဗုံး ၆ လုံးထက်မနည်း ကြဲချသွားတယ်လို့ သိရပါတယ်။

“၆ လုံးထက်မနည်းကို ကြဲချသွားတယ်။ အခုလည်း ဂျက်ဖိုက်တာတွေ ကောင်းကင်ပေါ်မှာ ဝဲနေတုန်းပဲ။ ဘယ်ကို ကျသွားတယ်တော့ မသိရသေးဘူး။ အပြင်ကိုလည်း မထွက်ရဲသေးတော့လေ” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးကအာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရဟာ ဇူလိုင်လ ၁၉ ရက်ကလည်း ရက္ခိုင်ပြည်က မြို့ ၃ မြို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အသေးစိတ် အချက်အလက်ကို ဆက်လက်တင်ဆက်ပေးပါမယ်။

Related posts

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်း

Rakhita Times

‎ရေကြည် အမြောက်တပ် ၃၄၄အနီး တိုက်ပွဲပြင်းထန်နေ

Rakhita Times

ဇော်မင်းထွန်းတို့ အဖွဲ့က ပွဲ့လန့်တုန်း ဖျာခင်းတာလို့ ဦးခိုင်သုခ တုန့်ပြန်

Rakhita Times

1 comment

Leave a Comment